1. Home
  2. Movie Stars - Celebrity

အသက် ၅၀ ပြည့် မွေးနေ့မှာ အကြောက်တရားကို အနိုင်ယူပြခဲ့တဲ့ "ဝီလ်စမစ်"

Movie Stars - Celebrity ก.ย. 26, 2561 view 1,379

ဟောလိဝုဒ်မင်းသားကြီး "ဝီလ်စမစ် (Will Smith)” ဟာ သူ့ရဲ့ အသက် ၅၀ ပြည့်မွေးနေ့မှာ ဂရန်းကင်ညွန် ချောက်ကမ်းပါးကြီးပေါ်ကနေ ဟယ်လီကော်ပတာနဲ့ ပျံသန်းကာ ဘန်းကီးဂျမ်ပင်(ကြိုးချည်) ခုန်ချခဲ့ပြီး တစ်သက်လုံးက အကြောက်တရားကြီးကို တွန်းလှန်နိုင်ခဲ့ပါတယ်။

သူခုန်ချခဲ့တဲ့ လှုပ်ရှားမှုရုပ်သံကို ယူကျူ့ချန်နယ်ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပါတယ်။ စမစ် ရဲ့ ပြောကြားချက်အရ အခုလို ဂရန်းကင်ညွန် ချောက်ကပါးပေါ်ကနေ တစ်နေ့ကျရင် ဘန်းကီးဂျမ်ပင် လုပ်ဖို့ကို ၁၉၇၆ ခုနှစ်တုန်းက သူ့ရဲ့မိသားစုနဲ့အတူ ဂရန်းကင်ညွန် ကို လာလည်ခဲ့စဉ်ကထဲက ဆုံးဖြတ်ချက်ချခဲ့တာလို့ ဆိုပါတယ်။

အဲဒီအချိန်တုန်းက မိသားစုထဲမှာ "စမစ်" တစ်​နောက်ထဲကသာ ချောက်ကမ်းပါးရဲ့ထိပ်ကို သွားဖို့ တုန်လှုပ်ခြောက်ခြားနေခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်ထဲကစပြီး "စမစ်" က သူကြောက်နေတဲ့ အကြောက်တရားတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ဖို့ တစ်ချိန်လုံး ကြိုးစားနေခဲ့ပါတယ်၊ ဒါကြောင့်အခုချိန်မှာ ချောက်ကမ်းပါးထိပ်ကို ရောက်အောင်ပြန်လာခဲ့ပြီး ဟယ်လီကော်ပတာပေါ်ကနေ မျှော့ကြိုးနဲ့ ခုန်ချခဲ့တာဖြစ်ပါတယ်။

"ဝီလ်စမစ်" ဟာ နောက်ဆုံးမှာတော့ အမြင့်ကြောက်တတ်တဲ့ သူ့ရဲ့စိတ်ကို ဘန်းကီးဂျမ်ပင် ခုန်ချပြီး အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူမှာ နောက်ထပ် အကြောက်တရားတစ်ခုရှိနေပြီး အခုချိန်ထိ ဘယ်လိုဖြေဖျောက်ရမှန်းမသိအောင် ကြောက်နေတုန်းပဲလို့ဆိုပါတယ်။ "ဝီလ်စမစ်” ရဲ့ နောက်ထပ်ပြင်မရသေးတဲ့ အကြောက်တရားတစ်ခုကတော့ 'ကြွက်' ပဲဖြစ်ပါတယ်။ သူဟာ ကြွက်မြင်ရင် ဘယ်လိုမှ နေလို့မရအောင် ကြောက်ပါတယ်တဲ့။
 



Follow us on