1. Home
  2. Movie Stars - Celebrity

Paris Fashion Week ကို ၀တ်မှုန်ရွှေရည်နဲ့အတူတက်ရောက်မယ့် နေခြည်ဦး

Movie Stars - Celebrity ก.ย. 26, 2561 view 1,663

Beauty Blogger နေခြည်ဦးကတော့ မိန်းကလေးတိုင်းအတွက် အရေးပါတဲ့ အလှအပရေး အကြောင်းအရာများအပြင် ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးလဲ အကောင်းဆုံးသောအကြံဥာဏ်တွေကို အမြဲလိုလိုဝေမျှပေးလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ယခုနောက်ပိုင်း သရုပ်ဆောင်ပိုင်းကိုပါ ခြေလှမ်းစတင်နေပြီဖြစ်တဲ့ ခြည်ခြည်တစ်ယောက် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေကို ရရှိလာသူတစ်ဦးပီပီ ဝေဖန်တိုက်ခိုက်မှုတွေကိုလဲ အပြင်းစားခံနေရသူတစ်ဦးဖြစ်ပါတယ်။ သို့ပေမယ့် သူမရွေးချယ်ထားတဲ့လမ်းကို စိတ်ဓာတ်ခိုင်မာစွာနဲ့ အကောင်းဆုံးရှေ့ဆက်လျှောက်လမ်းရင်း အမြဲတမ်းတက်ကြွလန်းဆန်းနေသူတစ်ယောက်ဖြစ်ပါတယ်။

ယခုလဲ နေခြည်ဦးတစ်ယောက်ဟာဆိုရင် သရုပ်ဆောင်ဝတ်မှုန်ရွှေရည်၊ We Wee (Make up artist) တို့နဲ့အတူ ပြင်သစ်နိုင်ငံ ပါရီမြို့မှာကျင်းပမယ့် Paris Fashion Week 2018 ပွဲကို တက်ရောက်ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ပထမဆုံးဖိတ်ကြားခြင်းခံရတဲ့ထိုပွဲလေးကို  L’oreal Paris Myanmar ကိုယ်စား တက်ရောက်ခွင့်ရတဲ့အတွက်လည်း ခြည်ခြည်တစ်ယောက် အရမ်းကိုပျော်ရွှင်နေတာတွေ့ရပါတယ်။ “Paris သွားရတော့မယ်ဆိုတော့
Parisian Chic လေးတစ်ယောက်အသွင်ပေါ့” ဆိုကာ ပြင်သစ်သူလေးတစ်ယောက်လို ခမ်းနားလှပစွာဝတ်စားပြင်ဆင်ထားတဲ့ ဖက်ရှင်ဒီဇိုင်းနဲ့ပုံရိပ်လေးတွေကိုပါမျှဝေထားခဲ့ပါသေးတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် စက်တင်ဘာလ (၂၇) ရက်နေ့မှ (၃၀) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမယ့် Paris Fashion Week ပွဲလေးမှာ နေခြည်ဦးတစ်ယောက် ဘယ်လိုတွေဝတ်စားပြီး ဘယ်လိုဖက်ရှင်ကျနေမလဲဆိုတာလည်းကို ခြည်ခြည်ရဲ့ပရိသတ်တွေက သိချင်နေကြပြီဖြစ်ပါတယ်။

 

 



Follow us on