1. Home
  2. Movie Stars - Celebrity

ကလေးဘ၀က အိပ်မက်လေးတစ်ခုကို ထုတ်ပြောပြလိုက်တဲ့ မင်းသမီးလေး ဖွေးဖွေး

Movie Stars - Celebrity ก.ย. 27, 2561 view 1,986

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးလေးဖွေးဖွေးကတော့ မြန်မာ့အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ်ရပ်တည်နေသူ ဖြစ်ပါတယ်။ ဇာတ်ရုပ်မျိုးစုံကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်သူလေးဖြစ်တာကြောင့်လဲ အကယ်ဒမီထူးချွန်ဆု ၃ ဆုကို ရရှိပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိ ပွင့်လင်းလွန်းတဲ့ ဟန်ပန်အမူအယာလေးတွေနဲ့ အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်လို ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေက ဖွေးစိန်လေးလို့ ချစ်စနိုးခေါ်ကြကာ သဲသဲလှုပ်ချစ်နေကြရတာလဲ ဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသမီးလေး ဖွေးဖွေးကတော့ သူမရဲ့ငယ်ဘ၀က ဖြစ်ချင်ခဲ့တဲ့ အိပ်မက်လေးတစ်ခုကို ထုတ်ပြောပြလိုက်ပါတယ်။ ငယ်ဘ၀အိပ်မက်လေးနဲ့အတူ ငယ်ငယ်ကပုံရိပ်လေးကိုပါ ပြသလိုက်တာဖြစ်ပါတယ်။ ဖွေးစိန်လေးရဲ့ငယ်ငယ်က အိပ်မက်လေးဟာ မိန်းကလေးငယ်တိုင်းစိတ်ကူးယဉ်မိရတဲ့ Disney ကာတွန်းရုပ်ရှင်တွေထဲက မင်းသမီးလေးတစ်ယောက် ဖြစ်ချင်ခဲ့တယ်ဆိုတဲ့အကြောင်းကို “ငယ်ငယ်တုန်းက Disney Princess ဖြစ်ချင်နေတဲ့ ခလေးတစ်ယောက်” ဆိုကာ ငယ်ဘ၀ပုံရိပ်လေးကို မျှဝေထားတာဖြစ်ပါတယ်။

ဖွေးစိန်လေးရဲ့ ကလေးဘ၀ပုံရိပ်လေးကို တွေ့လိုက်ရတဲ့ပရိသတ်တွေကတော့ ချစ်လို့မဆုံးဖြစ်နေကြကာ Disney မင်းသမီးလေးဆိုရင် စနိုးဝှိုက်လေးဖြစ်စေချင်ကြကြောင်း ကောမန့်လေးတွေဝိုင်းပေးထားကြတာလဲ တွေ့ရပါတယ်။ ဖွေးစိန်လေးကတော့ သူမရဲ့အိမ်မက်လေးအတိုင်း Disney ထဲက မင်းသမီးလေးမဟုတ်ပေမယ့် မြန်မာနိုင်ငံက လူတိုင်းချစ်ရတဲ့ ချစ်စရာကောင်းတဲ့မင်းသမီးတစ်လက် ဖြစ်လို့နေပါပြီနော်....

 



Follow us on