1. Home
  2. Special or Others

BTS ရှေ့မှာ အရှက်ရခဲ့ဖူးတဲ့ Girls’ Generation TTS

Special or Others ก.ย. 27, 2561 view 1,874

Girls’ Generation ရဲ့ sub unit (အဖွဲ့ခွဲ)တစ်ခုဖြစ်တဲ့ TaeTiSeo (TTS) ဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ သူမတို့ရဲ့ ဒုတိယမြောက် အယ်လ်ဘမ် ရဲ့ Title track ဖြစ်သော Holler MV(music video ) စတင်ထွက်ရှိခဲ့ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့မှာ Music show တစ်ခုဖြစ်သော Mcountdown မှာ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။

သူမတို့သုံးယောက် စတိတ်စင်နောက်မှာ တစ်ယောက်ကိုတစ်ယောက် လှောင်ပြောင်စနောက်ရင်း သီချင်းဆိုလိုက် ကလိုက်နဲ့ လုပ်နေတာ အနောက်မှာ BTS အဖွဲ့ ရောက်နေတယ်ဆိုတာ သတိမထားမိလိုက်ပါဘူး။ အဖွဲ့ ခေါင်းဆောင် ထယ်ယွန်းမှ အရင်သတိထားမိပြီး စနောက်ခြင်းမပြုတော့ဘဲ ငြိမ်သက်နေလိုက်ပါတယ်။

အဖွဲ့ဝင် ထဲမှ အငယ်ဆုံးဖြစ်သော ဆောဟွန်းကလဲ သတိထားမိပြီး ဆက်လက်မနောက်ပြောင်ဘဲ နေနေပေမဲ့ တစ်ဖနီကတော့ ဘာကိုမှသတိမထားခဲ့မိပါဘူး။ မျက်နှာပြောင်ပြီး ကင်မရာရှေ့မှာ ဟာသတွေလုပ်နေတာ နောက်တော့သူမလဲ အနောက်မှာ BTS အဖွဲ့ ရောက်နေတာကို သတိထားမိပြီး ရှက်လိုက်တာ ဘယ်လိုလုပ်ရမလဲ ဆိုပြီး ထအော်ပါတော့တယ်။

BTS ကလဲ အစ်မတွေ ရှက်သွားတာကို မြင်ပြီး အလိုက်တသိ နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့ပါတယ်။

 



Follow us on