1. Home
  2. Movie Stars - Celebrity

မြန်မာနိုင်ငံကို အလည်ရောက်နေတဲ့ ယွန်းဝတီလွင်မိုးနဲ့ သားလေး Liam

Movie Stars - Celebrity ก.ย. 27, 2561 view 1,618

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်မင်းသားကြီး လွင်မိုးရဲ့ သမီးကြီးဖြစ်သူ ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အ၀ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ အိမ်ထောက်ရက်သားကျကာ ခေးမေမေဖြစ်သွားပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးတစ်ယောက် သားလေး Liam နဲ့အတူ မြန်မာပြည်ကို အလည်ရောက်ရှိလို့နေပါတယ်။

ယွန်းဝတီလွင်မိုးဟာ စက်တင်ဘာ (၂၃) ရက်နေ့က မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေတာဖြစ်ပြီး သားလေးကိုလဲ ဆွေမျိုးတွေအားလုံးနဲ့ မိတ်ဆက်ပေးခဲ့တာကိုတွေ့ရပါတယ်။ နှစ်ဖက်မိဘများအတွက် မြေဦးလေးဖြစ်တဲ့ Liam လေးကတော့ အရမ်းကိုချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်မို့ မိသားစုဝင်တွေအားလုံးက ချစ်လို့မဆုံးဖြစ်နေကြပါတယ်။ ဘိုးဘိုးဘွားဘွားတွေရဲ့လက်ထဲမှာ ပျော်နေတဲ့ ချစ်စရာကောင်းတဲ့ သားလေး Liam နဲ့ မေမေယွန်းဝတီလွင်မိုးတို့ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်.....

 



Follow us on