1. Home
  2. Football

ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းကို ဖီဖာဥက္ကဋ္ဌ ဂုဏ်ပြုလွှာပေးပို့

Football ก.ย. 28, 2561 view 1,601

MPT မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ၂၀၁၈ တွင် ဗိုလ်စွဲခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းကို ဂုဏ်ပြုကြောင်း ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက ဂုဏ်ပြုလွှာ ပေးပို့ခဲ့သည်။ ထိုဂုဏ်ပြုလွှာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှတဆင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ (မနေ့က)တွင် ရေးသားပေးပို့ခဲ့ခြင်းဖြစ်ပါတယ်

ထိုဂုဏ်ပြုလွှာတွင် ရန်ကုန်ယူနိုက်တက်အသင်း လိဂ်ပြိုင်ပွဲ ချန်ပီယံဆုဖလားရရှိသည်ကို ကြားသိရသည့်အတွက် ၀မ်းမြောက်မိကြောင်းနှင့် လိဂ်ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆု ငါးကြိမ်ရရှိသည့်အတွက် ဂုဏ်ပြုပါကြောင်း ရေးသားဖော်ပြထားသည်။
ထို့အပြင် ယခုကဲ့သို့အောင်ပွဲရရှိခြင်းသည် အသင်းတွင် ပါဝင်သည့် ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဝန်ထမ်းများ၊ ဆေးဝန်ထမ်းများ၊ အခြားဝန်ထမ်းများနှင့် အသင်းပရိသတ်များ စိတ်ဓာတ်ကြံ့ခိုင်မှု၏ရလဒ်ဖြစ်ကြောင်း ဂုဏ်ပြုရေးသားထားသည်။

ထို့နောက် ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဘောလုံးလောကအတွက် ယခုကဲ့သို့ သတင်းကောင်းမျှဝေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ရေးသားဖော်ပြထားသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာသည် 2014 ခုနှစ်မှစပြီး ကမ္ဘာ့ကလပ်အသီးသီးမှ ချန်ပီယံအသင်းများကို နှစ်စဉ် ဂုဏ်ပြု ဂုဏ်ပြုလွှာ ပေးပို့ခဲ့ပါတယ်။


Congratulation Yangon United

 



Follow us on