1. Home
  2. Football

အဝေးကွင်းမှာ လီဗာပူးလ်အသင်း သရေတော့ ကစားနိုင်မည် နှင့် ပွဲကြိုသုံးသပ်ချက်

Football ก.ย. 28, 2561 view 1,568

ပရီးမီးယားလိဂ် ပွဲစဉ် (၇)

ချလ်ဆီး ၁ - ၁ လီဗာပူးလ် ( ည ၁၁ နာရီ )

အခုလတ်တလော ယှဉ်ပြိုင်ကစားခဲ့ကြတဲ ကာရာဘောင်းဖလား ပွဲစဉ့်  မှာ ချလ်ဆီးအသင်း က  လီဗာပူးလ် အသင်းကို  ၂ - ၁ ဖြင့်အဝေးကွင်းမှာ အနိုင်ယူထားခဲ့ပြီး အခုအပါတ် ပရီးမီယားလိဂ် ပွဲစဉ် (၇) မှာ ချလ်ဆီးအသင်းက အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမည့်ဖြစ်တာကြောင့် အားသာချက်တစ်ခုအနေနဲ့ရှိနေပါတယ်။ ချလ်ဆီးအသင်းဟာ လက်ရှိမှာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးဘဲ ၁ ပွဲသာ သရေကျထားသေးတာဖြစ်ပါတယ်။ ပုံစံကောင်းရနေတဲ့ နည်းပြဆာရီရဲ ချလ်ဆီးအသင်း အနည်းဆုံး သရေ ရနိုင်ပါတယ်။

ဧည်သည့် လီဗာပူးလ် အသင်း ကာရာဘောင်း ဖလား ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် တစ်ဖန်ကလဲ့စားချေဖို့ရှိပါတယ်။ ကာရာဘောင်း ဖလား ပွဲစဉ်မှာ နည်းပြ ကလော့က အသင်းအတွက် အရေးပါတဲ့ ကစားသမားတချို့ကို အနားပေးထားခဲ့ပြီး ယခုအပါတ် ပရီးမီးယားလိဂ် မှာ  အဓိက ကစားသမား ဖာမီနို ၊ ဆာလာ ၊ ဗန်ဒိုက် ၊  ရော်ဘတ်ဆန် ဂိုးသမား အလီဆင် တို့နဲ့ပွဲထုတ်လာမှာ ကျိန်းသေပါတယ်။ လီဗာပူးလ် အသင်းအနေဖြင့် ချလ်ဆီး အသင်း ကစားသမား ဟာဇတ် ကို ကဓိကထားထိန်းချုပ်ထားဖို့လိုပါတယ်။

ပရီးမီးယားလိဂ် မှာ  ရှုံးပွဲမရှိသေးတဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုဖြစ်တာကြောင့် ဘောလုံးဝါသနာရှင် တို့ စိတ်ဝင်စားမှုအပြည့်ဖြစ်စေမှာ သေချာပါတယ်။

 



Follow us on