F(x) Krystal ဟာ မင်းသား ဆောင်းဆန်ဟွန်း(ဂျွန်စော) နဲ့ အသစ်ထွက်ရှိမယ့် The Players ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းတွဲအတွက် ဆောင်းဆန်ဟွန်း နှင့်အတူ တီဗွီအစီအစဉ်များမှာ လိုက်ပါပြီး ပရိုမိုးရှင်းဆင်းနေပါတယ်။
သူမဟာသူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများကို လူတွေရှေ့မှာ ထုတ်ဖော်ပြောလေ့မရှိပေမဲ့ Life bar ဆိုတဲ့ တီဗွီအစီအစဉ်မှာ သူမရဲ့ အချစ်ရေး ကိစ္စနဲ့ပတ်သတ်ပြီး ပွင့်လင်စွာပြောကြားခဲ့ပါတယ်။
“ကျွန်မက တစ်စုံတစ်ယောက်နဲ့ လမ်းခွဲပြီးရင် လုံးဝ လှည့်မကြည့်တတ်တဲ့သူမျိုးပါ။
ကျွန်မနဲ့ တွဲနေစဉ်အတောအတွင်းမှာ ကျွန်မတတ်နိုင်သလောက် အကောင်းဆုံးလုပ်ဆောင်ပေးတယ် အကောင်းဆုံးဆိုတဲ့ အရာတွေပဲပေးခဲ့တယ်။ ဒါပေမဲ့ ပြတ်သွားပြီဆိုရင်လဲ ပြီးပြီပဲ။ ဒုတိယအကြိမ် ပြန်တွဲဖို့ ဒုတိယအကြိမ် အခွင့်အရေး ပြန်ပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။” လို့ပြောခဲ့ပါတယ်။
Life Bar တီဗီအစီအစဉ်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Shin Dong Yeop က “တကယ်လို့ မထင်မှတ်ပဲ ပြတ်လိုက်တွဲလိုက် ရန်ဖြစ်လိုက်ပြန်ချစ်လိုက် အဲ့လိုအတွဲတွေနဲ့ အလားတူ အခြေအနေမျိုးရောက်သွားမယ်ဆိုရင်ရော အဲ့လိုဆိုရင် ပြန်တွဲမှာလား” လို့မေးတဲ့အခါ
“အဲ့လိုမျိုးဖြစ်စရာအကြောင်းမရှိဘူး ကျွန်မက ပြတ်ပြီးသား လူကိုပြန်တွဲဖို့ စိတ်ကူး လုံးဝမရှိဘူး ကျွန်မမှာ အဲ့လိုအခြေအနေမျိုးနဲ့ မကြုံဖူးသေးလို့ ဖြစ်ပါလိမ့်မယ်”လို့ အရွှန်းဖောက်ပြောကြားခဲ့ပါတယ်။
ပြီးတော့ သူမကပဲ ဆက်ပြီး “ကျွန်မတို့ နှစ်ယောက် နှစ်ဦးသဘောတူလမ်းခွဲပြီးတဲ့အတွက် အဓိက မကျန်ခဲ့ချင်တာက နောင်တ ဖြစ်တယ် ဒါကြောင့် ချစ်ရင်လဲ အပြည့်အဝချစ်ပေးပြီး လမ်းခွဲရင်လဲ လုံးဝမေ့ဖျောက်ပစ်လိုက်တာ ကျွန်မအကျင့်ပါပဲ ဘာလို့လဲဆိုတော့ ကျွန်မ နောင်တမရချင်လို့ပါ ” ဟုပြောခဲ့ပါတယ်။