1. Home
  2. Movie Stars - Celebrity

ကြော်ငြာအရှုပ်အရှင်းကိစ္စကြောင့် ကြိုတင်ငွေ သိန်း (၄၀) ပြန်တောင်းခံနေရတဲ့ အောင်သူလွင်

Movie Stars - Celebrity ก.ย. 28, 2561 view 1,961

အောင်သူလွင် (ခ) Kelvin Kate ကတော့ အွန်လိုင်းသုံးစွဲသူတွေကြား ပရိသတ်အခိုင်အမာရရှိထားတဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ လူတွေကို ဘ၀အမောတွေပြေကာ ရယ်မောပျော်ရွှင်စေအောင် ပြုလုပ်ပေးနေသူတစ်ယောက်ဆိုရင်လဲမမှားပါဘူး။ မကြာခင်ရက်ပိုင်းကပင် ဇနီးသည်ဖြစ်သူပိုးအိက လူမှုကွန်ယက်ပေါ်ကနေ အောင်သူလွင်ရဲ့အကြောင်းကို နာကျည်းစွာရင်ဖွင့်ပြောဆိုခဲ့ပြီးနောက် ယခုလဲ ကြော်ငြာအရှုပ်အရှင်းကိစ္စတစ်ခုကြောင့် သတိပေးပြောဆိုခြင်း ခံနေရတာကိုတွေ့ရပါတယ်။

အောင်သူလွင်တစ်ယောက် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းတစ်ခုအတွက် ကြော်ငြာလက်ခံရိုက်ကူးပေးခဲ့ပြီး စာချုပ်ရက်ပြည့်သွားသည့်တိုင် အလုပ်တာဝန်ပျက်ကွက်မှုကြောင့် ကြိုတင်လက်ခံထားငွေ သိန်း(၄၀)ကို ပြန်လည်တောင်းခံနေရတာဖြစ်ပါတယ်။ မနောသူယာဉ်လိုင်းရဲ့တာဝန်ရှိသူလို့ ထင်မြင်ယူဆရတဲ့ Moe Moe Hnine ဆိုတဲ့အကောင့်ကနေ စာချုပ်စာတမ်းသက်သေများနဲ့တကွ ယခုလိုရေးသားထားတာပဲဖြစ်ပါတယ်။

“Kelvin Kate ခေါ် (အောင်သူလွင်)… ဆက်သွယ်ပါ လုင်ငန်းတစ်ခုလုပ်ထားဒါ ကလေးကစားစရာလုပ်
ထားဒါမဟုတ်ဘူး… ကောင်းမြတ်ဟိဏ်း မနောသူ ယာဉ်လိုင်းကြေငြာတွက် စာချုပ်ချုပ်ဆိုထားဒါ မနက်ဖြန်ဆို တလ ပြည့်ပါပြီ… စာချုပ်မှာ (10)ရက် ရမယ်ပြောဒါတောင် ရက်20လောက်စောင့်ခဲ့ပြီးပြီ.. ဟိုနေ့ရမယ် ဒီနေ့ရမယ်ပြောပြီး လုံးဝအဆက်အသွယ်မလုပ်ဘဲ ဖုန်းပါစက်ပိတ်သွားတဲ့အတွက် လုပ်ငန်းပေါ်မှာဖြစ်ကတက်ဆန်း လုပ်နေတယ်ဆိုဒါ သိသာထင်ရှားပါတယ်…"

"မနက်ဖြန် ကြော်ငြာ ဗွီဒီယို မထုတ်ပေးနိုင်းရင် ပေးထားငွေ သိန်း (40)ပြန်လိုချင်ပါတယ်… ကျန်တဲ့ကုန်ကျမှုပိုင်းက မတောင်းတော့ပါဘူး စုစုပေါင်း ကုန်ကျငွေ သိန်း 60နီးနီးကုန်ထားပါတယ်… ကိုယ့်လုပ်ငန်းကို လေးစားတယ်
ဆိုရင်ဆက်သွယ်ပါ…” ဆိုကာ သတိပေးခြင်းခံထားရတာဖြစ်ပါတယ်။

 

 



Follow us on