1. Home
  2. Movie Stars - Celebrity

အွန်လိုင်းပေါ်မှာ ဂယက်ရိုက်သွားတဲ့ ကမ္ဘာကျော်တင်းနစ်မယ် ရုပ်သံ

Movie Stars - Celebrity ต.ค. 01, 2561 view 1,591
ကမ္ဘာ့ကျော် အမျိုးသမီးတင်းနစ်အကျော်အမော် “ဆရီနာဝီလီယံ (Serena Williams)” က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရင်သားကင်ဆာနဲ့ပက်သက်ပြီး အသိပေးလှုံ့ဆော်ရန် ရည်ရွယ်ပြီး “I Touch Myself” သီချင်းကို သူမ၏လူမှုကွန်ယက်ပေါ်ကနေ အဝတ်အစားမပါပဲ သီဆိုပြခဲ့တာကြောင့် အွန်လိုင်းပေါ်မှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါတယ်။ 
 
“ဆရီနာဝီလီယံ” ဟာ ၁၉၉၁ ခုနှစ်က သြစတြေးလျရင်သားကင်ဆာ ကွန်ယက်ရဲ့ တေးဂီတအဖွဲ့ The Divinyl ရဲ့ ကျော်ကြားခဲ့တဲ့ သီချင်း “I Touch Myself” ကို အင်စတာဂရမ်ဗီဒီယိုမှာ “ဆရီနာဝီလီယံ” က အဝတ်အစားမဝတ်ထားပဲ သူမရဲ့ ရင်သားနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ဖိထားပြီး သီဆိုပြသခဲ့ပါတယ်။
 
ဟုတ်ကဲ့ ကျွန်မဒီလိုလုပ်ခဲ့ရတာ သိပ်တော့ အဆင်မပြေလှပါဘူး ဒါပေမယ့် ကမ္ဘာပေါ်မှာရှိနေတဲ့ အမျိုးသမီးတိုင်ကိုး အသားအရောင်မခွဲခြားပဲ ဒီပြဿနာဆိုးကြီးက ရိုက်ခတ်နေပါတယ်၊ စောစောသိရတာက အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ တစ်ခုထဲသော သော့ချက်ဖြစ်ပါတယ်” လို့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

A post shared by Serena Williams (@serenawilliams) on

 
အဆိုပါ “I Touch Myself” သီချင်းကတော့ အသက် ၅၃ နှစ်အရွယ်မှာ ရင်သားကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တဲ့ သြစတြေးလျ အဆိုတော် ‘Chrissy Amphlett’ ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။
 


Follow us on