1. Home
  2. Myanmar News

အာရှနိုင်ငံသားတချို့ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ် ခွင့်ရရှိ

Myanmar News ต.ค. 01, 2561 view 1,465

အာရှနိုင်ငံသားတချို့ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ် ခွင့်ရရှိ

ဒီကနေ့ အောက်တိုဘာ ၁ ရက်နေ့က စပြီး မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ့် အာရှနိုင်ငံသား တချို့ကို ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပေးလိုက်ပါတယ်။

ဒါကြောင့် ဒီနေ့ဟာ ဆိုက်ရောက်ပြည်ဝင်ခွင့်ပေးတာတွေ စတင် အသက်ဝင်တဲ့နေ့ပဲဖြစ်ပါတယ်။ ဗီဇာကင်းလွတ်ခွင့်ပေးထားတဲ့ နိုင်ငံတွေထဲမှာ ကိုးရီးယား၊ လာအို၊ ဟောင်ကောင်နဲ့ ဂျပန်ကိုတော့ ဖြစ်ပြီး တရုတ်နိုင်ငံကိုတော့ ဆိုက်ရောက်ဗီဇာ ပေးထားပါတယ်။

အခုလက်ရှိ အစိုးရရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေအနက် ၂၀၁၈ ခုနှစ်အတွင်း တရုတ်နိုင်ငံက ၃၀ ရာခိုင်နှုန်းကျော် ၊ ကိုးရီးယားနိုင်ငံက ၁၇ ရာခိုင်နှုန်းနဲ့ ဂျပန်က ၁ ရာခိုင်နှုန်း ရှိတာကြောင့် အခုလို တရုတ် ကိုရီးယား ဂျပန်တို့အပေါ် ဗီဇာဖြေလျော့မှုဟာ မြန်မာနိုင်ငံရဲ့ ပြည်ပ ခရီးသွားဧည့်သည် လာနှုန်းကို တိုးမြင့်နိုင်မယ်လို့ ယုံကြောင်း Right Myanmar ခရီးသွား ကုမ္ပဏီ ရဲ့ အမှုဆောင်အရာရှိချုပ် ဦးရဲထွန်းဦးက ပြောပါတယ်။

 



Follow us on