1. Home
  2. Special or Others

ဇာတ်လမ်းတွဲအသစ်နဲ့ တစ်ကျော့ပြန်လာတဲ့ မင်းသားကြီးဆောင်းဆန်ဟွန်း(သို့) ဂျွန်စော

Special or Others ต.ค. 01, 2561 view 2,226

မြန်မာပရိတ်သတ်တွေကြားမှာ ဂျွန်စောလို့ နာမည်ကြီးတဲ့ သရုပ်ဆောင် မင်းသားဆောင်းဆန်ဟွန်း  ဟာဆိုရင် 2013 မှ 2017 နှစ်တစ်ဝက်လောက် ထိဇာတ်လမ်းတွဲများ မရိုက်ကူးဖြစ်တာ အတော်အတန်ကြာခဲ့ ပြီဖြစ်ပါတယ်။

၂၀၁၅ မှာတော့ မြန်မာပရိတ်သတ်များက ချန်ဂင်လို့ သိကြတဲ့ မင်းသမီးကြီး လီယောင်အေး နဲ့ Saimdang,Memoir of Colors ဆိုတဲ့ နန်းတွင်းကား ကိုရိုက်ကူးခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရုပ်သံမှာပြသဖို့ နှောင့်နှေးခဲ့ရပါတယ်။

သို့ပေမဲ့ အဆိုပါဇာတ်လမ်းတွဲကို ၂၀၁၇ ဇန်နဝါရီလမှာ ထုတ်လွှင့်ခွင့်ရရှိခဲ့ပါတယ်။

၂၀၁၇ အောက်တိုဘာလ မှာတော့ မင်းသားဟာ သူ့ရဲ့Black ဆိုတဲ့ ဇာတ်လမ်းတွဲ နဲ့ တစ်ကျော့ပြန်ခဲ့ပါတယ်။ ထိုဇာတ်လမ်းတွဲမှာ သေမင်းနှင့် သရဲများကို မြင်နိုင်တဲ့ မျက်လုံးတစ်စုံပါရှိသော လူသားမိန်းကလေးတို့ ကြားကအချစ်ကို ထူးဆန်း အံ့သြဖွယ် ရိုက်ကူးထားတာပါတယ်။ ကြည့်ရှုသူဦးရေ များပြားတာကြောင့် အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဆိုလဲ မမှားပါဘူး။

မင်းသားကြီး ဆိုတဲ့အတိုင်း တစ်နှစ်တစ်ကား ရိုက်ပြီးရင် ဒီတိုင်းထိုင်စားနေရုံပဲမို့ ဂျွန်စောဟာ တစ်နှစ်တိတိပြည့်တဲ့အခါမှသာ ဇာတ်လမ်းတွဲ အသစ်တစ်ခုနဲ့ပြန်လာခဲ့ပါတယ်။ ဇာတ်လမ်းတွဲ နာမည်ကတော့ the players ဖြစ်ပါတယ်။ The players ဇာတ်လမ်းတွဲကို စက်တင်ဘာလ ၂၉ ရက်နေ့က OCN ရုပ်သံလိုင်းမှ စတင်ထုတ်လွင့်ခဲ့ပါတယ်။ ထိုဇာတ်လမ်းတွင် အပိုင်း ၁၄ ပိုင်းပါရှိပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေတို့မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းကတော့ အချစ်ဇာတ်လမ်း မဟုတ်ပဲ  ဟာသအက်ရှင် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ လူလိမ်၊ ဖိုက်တာ၊ ဟက်ကာ နဲ့ စတန့်ကား မောင်းနှင်သူမိန်းကလေး တို့ ပါဝင်တဲ့ အဖွဲ့ကို ရဲများ၊စုံထောက်များ အမှုလိုက်ရာတွင် လိုအပ်သလိုကူညီဖို့အတွက် ဖွဲ့ထားခဲ့ပါတယ်။ မင်းသားကြီး ဂျွန်စောကတော့  လူလိမ်နေရာကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဖိုက်တာနေရာက ထယ်ဝန်းဆော့ဂ်၊ ဟက်ကာနေရာက လီရှီယွန်း နဲ့ စတန့်ကားမောင်းနှင်သူနေရာကတော့ Krystal (ဂျောင်ဆူဂျောင်း) တို့မှ အသီးသီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂျွန်စော ဟာ ၁၉၉၆ ခုနှစ်ကတည်းက သရုပ်ဆောင် စလုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူ့ရဲ့ အနုပညာသက်တမ်းဟာ ၂၂ တိုင် ရှိပြီဖြစ်ပါတယ်။ အသက် ၄၁ နှစ်ရှိပြီ ဖြစ်ပေမဲ့ သူ့ရဲ့ ရုပ်ရည်ဟာအိုမင်း ရင့်ရော်ခြင်းမရှိတာမို့ သူ့ကို ပရိတ်သတ်များက vampire လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။



Follow us on