1. Home
  2. Good Morning Myanmar

ရန်ကုန်မြို့ပတ်ရထားစနစ်အသစ် စီမံကိန်း

Good Morning Myanmar ส.ค. 03, 2558 view 1,663
ရန်ကုန်မြို့ပတ်ရထားအနေနဲ့ ဆင်ခြေဖုံးဒေသတွေအထိ ဖြန့်သွားနိုင်မယ့် မြို့ပြရထားစနစ်အသစ်တစ်ခုဖြစ်လာပါက အခုဖြစ်ပွားနေတဲ့ ယာဉ်လမ်းကြောပိတ်ဆို့မှုတွေအတွက် အဖြေတစ်ခုဖြစ်တယ်လို့ ဂျပန်နိုင်ငံမှ မီးရထားပညာရှင်တစ်ဦးက ပြောပါတယ်။
 
ဂျပန်နိုင်ငံရဲ့ လက်ရှိရထားသွားလာနေမှုအခြေအနေတွေနဲ့ နည်းပညာဆိုင်ရာစိန်ခေါ်မှုတွေအကြောင်းနဲ့ ပတ်သက်ပြီး ဂျပန်မီးရထားပညာရှင် Mr.Mitsuo Higashi က သြဂုတ်လ(၃)ရက်နေ့က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
 
မြန်မာနိုင်ငံထက် ငါးနှစ်စောပြီး မီးရထားပြေးဆွဲမှုကိုစတင်ခဲ့တဲ့ ဂျပန်နိုင်ငံဟာ အခုဆိုရင် မီးရထားပြေးဆွဲမှု အကောင်းဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံပါ။
 
လက်ရှိမှာ ဂျပန်နိုင်ငံ ဂျိုက်ကာအဖွဲ့အနေနဲ့ မြန်မာ့မီးရထားနဲ့ အဆင့်မြင့်တင်မှုတွေကို ပူးပေါင်းဆောင်ရွက်နေပြီး ရန်ကုန်မြို့ပတ်ရထားလမ်းကို မြို့ပြရထားစနစ်အဖြစ် အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ပါက လက်ရှိဖြစ်ပေါ်နေတဲ့ ယာဉ်ကြောကြပ်တည်းမှုတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။


Follow us on