1. Home
  2. Special or Others

ဇီဝကမ္မဗေဒနဲ့ ဆေးပညာဆိုင်ရာနိုဘယ်ဆုကို ရရှိခဲ့တဲ့ တာစုခုဟွန်းဂျို နှင့် ဂျိမ်းအလီဆွန်

Special or Others ต.ค. 02, 2561 view 1,471

2018 ခုနှစ်အတွက် ဇီဝကမ္မဗေဒ နဲ့ ဆေးပညာဆိုင်ရာနိုဘယ်ဆုကို ခန္ဓာကိုယ်ခုခံစွမ်းအားကို မော်လီကျူးအဆင့်အထိ သုတေသန ပြုလုပ်နေတဲ့ ဂျပန်နိုင်ငံသား အသက်၇၆ နှစ်အရွယ် ကျိုတိုတက္ကသိုလ်က အထူးပါမောက္ခ တာစုခု ဟွန်းဂျို (Tasuku Honjo) နှင့် အမေရိကန်လူမျိုး သိပ္ပံပညာရှင်ဂျိမ်းအလီဆွန်(အသက် ၇၀ နှစ်)  ရရှိခဲ့ပါတယ်။

နိုဘယ်ဆုပေးပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့ Karolinska Institute မှာကျင်းပခဲ့ပါတယ်။မစ္စတာ ဟွန်းဂျိုဟာ  အမေရိကန်လူမျိုးသိပ္ပံပညာရှင်ဂျိမ်းအလီဆွန်(အသက် ၇၀ နှစ်) နဲ့အတူ ကင်ဆာကုသနည်းအသစ်အတွက် ကင်ဆာဆဲလ်တွေပွားတာကို ထိန်းချုပ်တဲ့ ခန္ဓာကိုယ်ခုခံစွမ်းအားကို လျှော့ချတဲ့ PD-1 ပရိုတိန်းကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ဆေးပညာ နိုဘယ်ဆု အတွက်ဆုကြေးငွေ ယူရို 775,000 ရရှိမည်ဖြစ်ပါတယ်။     

အမေရိကန်လူမျိုးသိပ္ပံပညာရှင်ဂျိမ်းအလီဆွန်(အသက် ၇၀ နှစ်) က “ ကင်ဆာရာဂါ  ကြောင့်ခံစားနေရတဲ့ ဝေဒနာ ရှင်တွေကို ပြောချင်တာက ခု ကျွန်တော့တို့ အဖြေတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါပြီ ဒီလို့ ကြောက်စရာကောင်းတဲ့ ရောဂါတွေ ရှာဖွေဖော်ထုတ်နိုင်ဖို့က ကျွှန်တော် အိမ်မက်ပါ လို့ ” သူကပြောပါတယ်။

နိုဘယ်ဆုရှင် ဟွန်းဂျို က “ ကျွှန်တော် ခံစားချက်တစ်ခုရှိခဲ့ပါတယ်၊ ငယ်တုန်းက အတန်းဖော်တစ်ဦး ကင်ဆာ ရောဂါဆိုးကြီး ဖြစ်နေပါတယ် ။ ဒါမဲ့ သူကို ကယ်တင်နိုင်ဖို့ နည်းလမ်း ကျွှန်တော်တို့ ဘာမှ မတတ်နိုင်ခဲ့ကြဘူး၊ ဒါ့ကြောင့်လည် ဒီသုတေသန ကို ဆက်လတ် ဖော်ထုတ် ရှာဖွေခဲ့ကြတာပါ လို့” သူကပြောပါတယ်။

Congratulation James P Allison and Tasuku Honjo

 

 



Follow us on