1. Home
  2. Movie Stars - Celebrity

ပါရီမြို့လယ်ခေါင်မှာ ကြွေရုပ်လေးလိုလှပနေခဲ့တယ့် ၀တ်မှုန်ရွှေရည်ရဲ့ ဖက်ရှင်

Movie Stars - Celebrity ต.ค. 02, 2561 view 1,924

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးလေးဝတ်မှုန်ရွှေရည်ကတော့ ပိုးသားလေးလို ဖြူဖွေးနုဖတ်လွန်းသော အသားအရည်လေးနဲ့ ကလေးဆန်ဆန် ချစ်စဖွယ်မျက်နှာလေးကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ သူမရဲ့အပိုအလိုမရှိ တိကျတဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့်လဲ  မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ရပ်တည်နေသူဖြစ်ပါတယ်။ ခမ်းနားလှပတဲ့ဖက်ရှင်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားကာ အများကြားပေါ်လွင်ထင်ရှားနေအောင် လှလွန်းသူလေးဖြစ်တာကြောင့် ပရိသတ်တွေက ကစ်မှကစ်ဆိုပြီး သဲသဲလှုပ်နေအောင် ချစ်နေကြရသူလေးမဟုတ်ပါလား....

ရွှေကစ်လို့တောင် ချစ်စနိုးတင်စားခေါ်ဝေါ်ခြင်းခံရတဲ့ မင်းသမီးဝတ်မှုန်ရွှေရည်ကတော့ လက်ရှိမှာ Beauty Blogger နေခြည်ဦး၊ We Wee (make-up Artist) တို့နဲ့အတူ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ Paris Fashion Week ကိုတက်ရောက်ခဲ့ပါတယ်။ Fashion Week ဆိုသလိုပဲ ဖက်ရှင်ပိုင်းကိုဦးစားပေးပြသတဲ့ပွဲဖြစ်တာကြောင့် ထိုပွဲလေးကိုတက်ရောက်လာသူမှန်သမျှဟာ အလန်းစား၊ အမိုက်စား ဖက်ရှင်တွေကို ၀တ်ဆင်လာကြတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုကိုယ်စားပြုတက်ရောက်ရတဲ့ ကစ်လေးကလဲ အထိမိဆုံး ဖက်ရှင်စတိုင်တွေကို ခမ်းနားလှပလွန်းစွာ ၀တ်ဆင်ခဲ့တာကို တွေ့ရပါတယ်။ နဂိုရှိပြီးသားအလှလေးကို တန်ဖိုးကြီး ခမ်းနားထည်ဝါတဲ့ ဖက်ရှင်လေးနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပါရီမြို့လယ်ခေါင်မှာ ကြွေရုပ်လေးတစ်ရုပ်လို ထင်ရှားလှပနေတာတော့ အမှန်ပါပဲနော်။ Paris မှာ ဖက်ရှင်ကျကျနဲ့လှပနေခဲ့တယ့် ရွှေကစ်လေးရဲ့ပုံရိပ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်နော်...

ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Paris Fashion Week လေးကတော့ စက်တင်ဘာလ (၂၈) ရက်နေ့မှ စတင်ကာ စက်တင်ဘာ (၃၀) ရက်နေ့ထိ သုံးရက်တိုင်ကျင်းပပြုလုပ်ခဲ့တာလဲ ဖြစ်ပါတယ်။ အသက် (၃၀) ပြည့်ကာ မမအရွယ်ရောက်သွားပြီဖြစ်တဲ့ ၀တ်မှုန်ရွှေရည်ကတော့ ချစ်စဖွယ်မျက်နှာလေးနဲ့ ဆက်ကျော်သက်လေးတစ်ယောက်လို နုပျိုလန်းဆန်းနေတုန်းပါပဲနော်...

 

 



Follow us on