1. Home
  2. Myanmar News

နိုဘယ်ဆုကို ပြန်ရုပ်သိမ်းမည်မဟုတ်ကြောင်း နိုဘယ်လ်ဖောင်ဒေးရှင်း အကြီးအကဲ ပြတ်ပြတ်သားသားပြော

Myanmar News ต.ค. 03, 2561 view 1,631
မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရရှိထားသော ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအား မည်သည့်အကြောင်းကြောင်းနှင့်မျှ ပြန်လည်ရုပ်သိမ်းမည် မဟုတ်ဟု နိုဘယ်လ်ဖောင်ဒေးရှင်း၏ ဦးဆောင်သူ Lars Heikensten က Stockholm မှာ မီဒီယာများနဲ့ အင်တာဗျူးစဉ် ပြတ်သားစွာ ပြောကြားလိုက်ပါတယ်။
 
၂၀၁၈ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ရန် တစ်ရက်အလိုမှာ Lars Heikensten က အခုလိုပြောကြားခဲ့တာပါ။ 
"ချီးမြှင့်ထားပြီးဖြစ်တဲ့ ဆုကို၊ ဆုလက်ခံရယူပြီး နောက်ပိုင်းမှာဖြစ်လာတဲ့ ကိစ္စတွေကို တုံ့ပြန်တဲ့အနေနဲ့ ဆုပြန်ရုပ်သိမ်းတာမျိုး နိုဘယ်လ်အဖွဲ့အစည်းက လုပ်မှာမဟုတ်ပါဘူး" ဟု ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားမှုများ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့အတွက် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
 
လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ရခိုင်အရေးနဲ့ပက်သက်ပြီး ယူအန်စုံစမ်းစစ်ဆေးရေးအဖွဲ့ သြဂုတ်လက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွင် လူမျိုးတုံးသတ်ဖြတ်သည်ဟု စွပ်စွဲထားခဲ့ပြီး အဆိုပါအရေးနဲ့ ပက်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ဆောင်ချက်များအပေါ် အားမရဟု စွပ်စွဲကာ ချီးမြှင့်ထားသော ငြိမ်းချမ်းရေးနီုဘယ်လ်ဆုကို ပြန်ရုပ်သိမ်းရန် နိုင်ငံတကာမှ ဖိအားများ ပေးလာသည့်အပေါ် နိုဘယ်လ်ဆု ဖောင်ဒေးရှင်း၏ ဦးဆောင်သူ Lars Heikensten က ယခုကဲ့သို့ ပြတ်ပြတ်သားသား ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
 
Stockholm မှာ အခြေစိုက်တဲ့ နိုဘယ်လ်ဖောင်ဒေးရှင်းဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ နိုဘယ်လ်ဆုနဲ့ပက်သက်တဲ့ ကိစ္စအဝဝကို တာဝန်ယူထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဆွီဒင်နဲ့ နော်ဝေနိုင်ငံ တို့မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ သီးခြားဖြစ်ပါတယ်။
 
ငြိမ်းချမ်းနိုဘယ်လ်ဆုကို ချီးမြင့်တဲ့ နော်ဝေဂျီယမ် နိုဘယ်လ်ကော်မတီကလည်း စည်းမျဉ်းဥပဒေအရ ချီးမြှင့်ပြီးသား ဆုကို ပြန်လည်ရုပ်သိမ်းရန် ခွင့်ပြုမထားဘူးဟု သြဂုတ်လက ပြောကြားခဲ့ပါတယ်။
 
Ref:Reuters
 

 



Follow us on