1. Home
  2. Movie Stars - Celebrity

Asia Next Top Model ၏ winner ဖြစ်နိုင်ချေရှိသော Beauty (ခေါ်)သက်သက်သင်း

Movie Stars - Celebrity ต.ค. 03, 2561 view 1,532

ဖက်ရှင်လောကမှာ ရေပန်းစားပြီးစိတ်ဝင်စားမှုအများဆုံးရရှိထားတဲ့ Asia Next Top Model ပြိုင်ပွဲကြီးဟာ Cycle 6 အထိရောက်ရှိလာပြီဖြစ်ပါတယ်။ Asia Next Top Model Cycle 4 မှာတော့ မြန်မာနိုင်ငံမှ မော်ဒယ်တစ်ယောက်လဲဖြစ်၊ Miss တစ်ယောက်လဲ ဖြစ်တဲ့မေမြတ်နိုးကသွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

ယခု FoxLife မှာထုတ်လွှင့်နေဆဲဖြစ်တဲ့ Asia Next Top Model Cycle 6 ပြိုင်ပွဲကြီးဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်တာဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ Beauty (ခေါ်)သက်သက်သင်း ကသွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ ပထမဆုံးစိန်ခေါ် မှုမှာ Beauty ဟာTop1 (ပထမ)ရရှိခဲ့တဲ့အတွက်သူမရဲ့ ဓာတ်ပုံကို နံရံထက်မှာချိတ်ဆွဲခြင်းခံရပါတယ်။(အပတ်စဉ်Top 1 ရရှိသူများရဲ့ ဓာတ်ပုံများသာ နံရံထက်မှာချိတ်ဆွဲခြင်းခံရတာဖြစ်ပါတယ်။)

အပတ်စဉ် ၆ မှာရဲ့ စိန်ခေါ်မှုမှာလည်း beauty ဟာ Top 1 ရရှိခဲ့ပါတယ်။ စိန်ခေါ်မှုတွေမှာ Beauty တစ်ယောက်ပဲနှစ်ခါနိုင်ဖူးသေးတာပါ။

ပထမဆုံး ထုတ်လွှင့်တဲ့အပိုင်းမှာတင်အကဲဖြတ် ဒိုင်လူကြီးများဖြစ်တဲ့ Cindy Bishop နဲ့ Production Director ဖြစ်တဲ့ Yu Tsai တို့ဟာ  Beauty ကိုမျက်စိကျ နေကြောင်းတွေ့ရှိရပါတယ်။ ဒိုင်လူကြီးများရဲ့ ချီးမွမ်းထောပနာ ပြုမှုကိုအမြဲခံနေရတဲ့ Beauty ဟာတခြား ပြိုင်ပွဲဝင်တွေရဲ့ မနာလိုခြင်းကိုလဲ ခံရပါတယ်။

Beauty ဟာ မော်ဒယ်လောကကို အခုမှပထမဆုံး ဝင်ရောက်ဖူးတာဖြစ်ပြီး အတွေ့ အကြုံလဲ မရှိသေးပါဘူး။ သူမရဲ့ ထူးဆန်းတဲ့ရုပ်ရည်နဲ့ အရပ်အမောင်းတို့ဟာ မော်ဒယ်တစ်ယောက်ရဲ့ ကြန်အင်လက္ခဏာနဲ့ ပြည့်စုံတာကြောင့် ဒိုင်လူကြီးများက ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ ယခုဆို Beauty ဟာ မြန်မာ နိုင်ငံက အားပေးတဲ့ ပရိတ်သတ်များသာမက နိုင်ငံတကာက သူမကိုအားပေးတဲ့ပရိတ်သတ်များလဲ အများအပြားရှိကြောင်းတွေ့ရပါတယ်။

 

မော်ဒယ် အေဂျင်စီတစ်ခုဖြစ်တဲ့ Storm Modelling Entertainment ရဲ့ အင်တာနက် ဝက်ဘ်ဆိုဒ်မှာ Beauty ရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအကျဉ်းကိုဖော်ပြခံထားရတာတွေ့ရ တဲ့အတွက် ပရိတ်သတ်များက သူမကို Cycle 6 ရဲ့ winner ဖြစ်နိုင်ချေများတယ် လို့ထင်ကြေးပေးနေကြပါတယ်။ ဘာလို့လဲဆိုတော့ Cycle 6 ရဲ့ အနိုင်ရရှိသူ တစ်ဦးသာ Storm နဲ့စာချုပ်ချုပ်ပိုင်ခွင့် ရရှိတာကြောင့်ဖြစ်ပါတယ်။



Follow us on