1. Home
  2. Movie Stars - Celebrity

ရုပ်ရှင်မင်းသား နေတိုးရဲ့ညီ သရုပ်ဆောင်မင်းသွေး ရုတ်တရက်ကွယ်လွန်

Movie Stars - Celebrity ต.ค. 04, 2561 view 1,856

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် မင်းသားနေတိုးရဲ့ ညီလို့အများကသိထားကြတဲ့ သရုပ်ဆောင်မင်းသွေးတစ်ယောက် ယမန်နေ့ အောက်တိုဘာ (၃) နေ့ညက ရုတ်တရက်ကွယ်လွန်သွားတယ်လို့ သိရပါတယ်.... မင်းသွေးဟာ ည (၁၀) နာရီခွဲအချိန်တွင် ဘောလုံးကစားရင်း နှလုံးအမောဖောက်လာတာကြောင့် ပါရမီဆေးရုံးသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြပေမယ့် အသက်မမှီကာ ရုတ်တရက်ကွယ်လွန်သွားခြင်းဖြစ်ပါတယ်။ မင်းသွေးရဲ့ ရုပ်အလောင်းကိုတော့ သင်္ဃန်းကျွန်းစံပြဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 

သရုပ်ဆောင်မင်းသွေးသေဆုံးပြီဆိုသော သတင်းကြောင့် လူအများမယုံနိုင်ဖြစ်ကာ အံ့သြနေကြပေမယ့် အတည်ပြုပြောကြားတဲ့ သတင်းတွေထွက်ပေါ်လာတဲ့အချိန်မှာတော့ အနုပညာညီအစ်ကိုမောင်နှမများအပြင် ပရိသတ်များကပါ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်သွားခဲ့ရတဲ့ အနုပညာကြယ်တစ်ပွင့်အတွက်  နှမြောတသဖြစ်ကာ ၀မ်းနည်းမဆုံးဖြစ်လို့ဖြစ်လို့နေကြပါတယ်။ ထိုအထဲတွင်တော့ အစ်ကိုကြီးဖြစ်သူနေတိုးတစ်ယောက် ညီဖြစ်သူအတွက် ၀မ်းနည်းမှုကတော့ အကြီးမားဆုံးဖြစ်လို့နေပါတယ်။

ညီဖြစ်သူရဲ့သေဆုံးမှုကြောင့် ယူကြုံးမရဖြစ်နေတဲ့ နေတိုးက “ညီလေးမင်းသွေးဆုံးပြီဗျာ... ကျွန်တော်ဘယ်လိုဖြေရမလဲ” ဆိုပြီး ၀မ်းနည်းပူဆွေးဖြစ်ကာ ဖြေဆည်မရနိုင်ဖြစ်နေကြောင်း လူမှုကွန်ယက်ကနေ ရေးသားထားခဲ့ပါတယ်။ ပရိသတ်များကလဲ မင်းသားနေတိုးနဲ့ထပ်တူ ၀မ်းနည်းနေကြတာ မင်းသွေးအတွက် ၀မ်းနဲကြေကွဲကြောင်းစာတွေ လူမှုကွန်ယက်တစ်ခွင်မှာ ရေးသားထားကြတာကိုလဲတွေ့ရပါတယ်။ Popolay အဖွဲ့သားများမှလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်သွားခဲ့တယ့် သရုပ်ဆောင်မင်းသွေးနဲ့ မိသားစုနဲ့ထပ်တူ ၀မ်းနဲမိကြောင်းနှင့် မင်းသွေးတစ်ယောက် ကောင်းရာဘုံဘ၀ရောက်ပါစေလို့ ဆန္ဒပြုရင်း.....

 

 



Follow us on