1. Home
  2. Special or Others

အိမ်ထောင်ပြုတာနဲ့ ပတ်သတ်ပြီးဖွင့်ဟပြောဆိုလာတဲ့ဆောင်းဆန်ဟွန်း

Special or Others ต.ค. 04, 2561 view 48,607

မြန်မာနိုင်ငံကို ပထမဦးဆုံးရောက်ရှိလာတဲ့ ကိုးရီယား ဇာတ်လမ်းတွဲ “ဆောင်းဦးရွက်ကြွေချစ်သက်သေ” ထဲက မင်းသား ဂျွန်စောကို ပရိတ်သတ်ကြီး ကောင်းကောင်းသိလိမ့်မယ်ထင်ပါတယ်။ သူ့ကို မြန်မာပရိတ်သတ်တွေက ဂျွန်စောလို့ အသိများကြပါတယ်။

မင်းသားကြီး ဆောင်းဆန်ဟွန်း(ခေါ်) ဂျွန်စောဟာ ၁၉၇၆ ခုနှစ်ဖွားဖြစ်ပြီး ဒီနှစ်ထဲမှာ အသက် ၄၁ နှစ်ပြည့်ပြီးပြီဖြစ်ပါတယ်။ သူဟာ ၁၉၉၅ ခုနှစ်ကနေစပြီး သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး သူရဲ့အနုပညာသက်တမ်း ဟာ ၂၃ နှစ်ခန့် ရှိနေပါပြီ။

အခုဆိုရင် မင်းသားကြီးဆောင်းဆန်ဟွန်းဟာ သူ့ရဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ the player အတွက် ပရိုမိုးရှင်းများပြုလုပ်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်လွှင့်တဲ့ Lifebar ဆိုတဲ့အစီအစဉ်တစ်ခုမှာ ဆောင်းဆန်ဟွန်းဟာ သူ့ရဲ့ ဖြစ်လာနိုင်တဲ့ အိမ်ထောင်ရေးအကြောင်းကိုဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်က ဘယ်လိုလူလဲဆိုတော့ လွတ်လွတ်လပ်လပ်နေရတာကိုကြိုက်တဲ့ လူမျိုး သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့သွားလာ စားသောက်နေရတာကိုကြိုက်တာ ကျွန်တော်တို့တွေ့ရင် အရက်သောက်မယ် စကားပြောမယ် အချိန်ရရင် ရသလိုသူငယ်ချင်းတွေနဲ့ တွေ့ဖြစ်တယ်။”

“အရင်တုန်းကလဲ သူငယ်ချင်းတွေနဲ့တွေ့ဖြစ်ပေမယ့် အခုတော့ သူငယ်ချင်းတွေကအိမ်ထောင်ကျသွားတော့ အရင်ကနဲ့တော့မတူတော့ဘူးပေါ့ သူငယ်ချင်းအဖွဲ့တွေတွေ့ကြရင် လူပျိုနဲ့ အိမ်ထောင်ရှိတဲ့လူနဲ့ မတူတော့ဘူး သူတို့ကိုကြည့်ရတာ အရင်ကထက်ပိုပြီးလေးနက်လာတယ်လို့ခံစားရတယ်။ သူတို့မှာမိသားစုကရှိနေပြီလေ။ သူတို့မှာမိသားစုကို ပေးရမယ့်အချိန်တစ်ခုလိုလာပြီ ဒါကြောင့် သူတို့ကိုအပြင်ထွက်ဖို့ အမြဲမခေါ်သင့်တော့ဘူးလို့ ကျွန်တော်ထင်လာတယ်။”

လို့ပြောထားပါတယ်။

စကားဝိုင်းထဲမှာထိုင်နေတဲ့ ကင်မ်ဟီးချောလ် က “ဒါဆိုအစ်ကိုကရော အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိဘူးလား” ဟုပြောလာတဲ့အခါမှာ

“မဖြစ်မနေကြီး အိမ်ထောင်ပြုချင်နေတာတော့မဟုတ်ဘူး၊ အဲ့လိုပြောလို့ အိမ်ထောင်မပြုတော့ဘူးလို့ မထင်လိုက်နဲ့နော် ကျွန်တော်ပြောချင်တာက အိမ်ထောင်ပြုလဲဖြစ်တယ် မပြုလဲဖြစ်တယ် အဲ့လိုသဘောမျိုးပြောတာ” လို့ အရယ်တဝက် နဲ့ပြောပါတယ်။

“ကျွန်တော် အိမ်ထောင်ပြုရမလားလို့ ပရိတ်သတ်တွေကိုမေးတဲ့အခါ သူတို့က မလိုပါဘူး ဖြည်းဖြည်းပေါ့လို့ ပြောကြတယ်။ ကျွန်တော့်အသက်အရွယ်နဲ့ဆို ဖြစ်နိုင်ရင်အိမ်ထောင်ပြုသင့်နေပြီလို့ထင်ပါတယ်။ မိဘတွေကလဲနားပူနေကြပြီ” လို့ဟာသနှောပြီး ပြောထားပါတယ်။



Follow us on