1. Home
  2. Movie Stars - Celebrity

မင်းသွေးအတွက် အလှူအတန်းပြုပေးနေတဲ့ ကျန်ရစ်သူမိသားစုမြင်ကွင်း

Movie Stars - Celebrity ต.ค. 04, 2561 view 1,762

အောက်တိုဘာ (၃) ရက်နေ့ညအချိန်တွင် သရုပ်ဆောင်မင်းသွေးတစ်ယောက် သူငယ်ချင်းတွေနဲ့ အပျော်တမ်းဘောလုံးကစားနေရာမှ ရုတ်တရက်နှလုံးအမောဖောက်ကာ ဆေးရုံသို့အချိန်မီတင်ဆောင်ခဲ့ပေမယ့် အသက်မမှီပဲ သေဆုံးမှုကြီးကတော့ အားလုံးအတွက် ယူကြုံးမရဖြစ်စရာသတင်းတစ်ခုဖြစ်လို့နေပါတယ်။ သေဆုံးချိန်မှာ အသက် (၃၃)နှစ်သာရှိသေးတဲ့ မင်းသွေးဟာ နာမည်ကြီးသရုပ်ဆောင်မင်သားနေတိုးရဲ့ ညီတစ်ယောက်ဖြစ်ပေမယ့် ကိုယ့်ထူးကိုယ်ချွန်ကာ ကိုယ်ပိုင်အရည်အချင်းနဲ့ သရုပ်ဆောင်ဘက်မှာရပ်တည်ရင်း ဂီတဘက်ကိုပါ ၀င်ရောက်နေသူဖြစ်ပါတယ်။ အရည်အချင်းရှိတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကိုရထားတဲ့ မင်းသွေးရဲ့သေဆုံးမှုဟာ အနုပညာလောကကိုပါကြေကွဲဖွယ်ဖြစ်စေခဲ့ပါတယ်။

သရုပ်ဆောင်မင်းသွေးနေထိုင်တဲ့ ရန်ကုန် သာကေတမြို့နယ်မှာရှိတဲ့ မြခွာညို ၀ါဝါ၀င်းအိမ်ယာမှာတော့ မင်းသားနေတိုးအပါအ၀င် ကျန်ရစ်သူမိသားစုများက သက်ပျောက်ဆွမ်း ကပ်လှူကာ နာရေးကိစ္စများကို စီစဉ်ပြုလုပ်လျက်ရှိကာ အနုပညာအသိုင်းအ၀ိုင်းမှ ညီအစ်ကိုမောင်နှမများစွာလဲ လာရောက်တရားနာရင်း နာရေးသတင်းမေးကာ ၀မ်းနဲကြေကွဲလို့နေကြပါတယ်။ အစ်ကိုဖြစ်သူ နေတိုးတစ်ယောက်ကတော့ ညီဖြစ်သူအတွက် အလှူပြုလုပ်ပေးရင်း ဖြေဆည်မရနိုင်ဝမ်းနဲကြေကွဲနေကာ မျက်နှာညှိုးငယ်နေတာကိုလဲတွေ့ရပါတယ်။

သရုပ်ဆောင်မင်းသွေးရဲ့ရုပ်အလောင်းကိုတော့ (၅)ရက်ကြာထားရှိမှာဖြစ်ပြီး၊ ရခိုင်လူမျိုးတိုင်းရင်းသားဖြစ်တာကြောင့် ရခိုင်ရိုးရာအတိုင်း နာရေးပြုလုပ်သွားမယ်လို့သိရပါတယ်။ မင်းသွေးအတွက်နာရေးအခမ်းအနားပြုလုပ်ပေးနေတဲ့ ကျန်ရစ်သူမိသားစုပုံရိပ်များကို စိတ်မကောင်းဖြစ်စွာနဲ့ပဲ ဝေမျှပေးလိုက်ပါတယ်.....

 

 



Follow us on