1. Home
  2. Movie Stars - Celebrity

ဝမ်းနည်းကြေကွဲမှုများစွာနဲ့ ရေးသားထားတဲ့ ဝေဠုကျော်ရဲ့ စာလေးတစ်စောင်

Movie Stars - Celebrity ต.ค. 05, 2561 view 1,659

ရုပ်ရှင်သရုပ်ဆောင်တစ်ဖြစ်လဲ တေးသံရှင်မင်းသွေးကတော့ လူ့လောကကြီးထဲကနေ ထာဝရအိပ်စက်အနားယူသွားပြီပဲဖြစ်ပါတယ်။ ဘ၀တစ်ပါးကို ထွက်သွားပြီဖြစ်တဲ့ မင်းသွေးရဲ့ သေဆုံးမှုကတော့ ပရိသတ်တွေသာမက ကြားရသူတိုင်းကို မယုံကြည်နိုင်လောက်အောင် ၀မ်းနည်းစိတ်မကောင်းမှုများစွာကို ဖြစ်စေခဲ့ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရုတ်တရက်ဆိုသလိုလူ့လောကကြီးထဲက ထွက်ခွာသွားတာကြောင့် ခင်မင်သူအပေါင်းအသင်းကြားမှာသာမက အနုပညာအသိုင်းအ၀ိုင်းမှာလဲ ဖြေဆည်မရနိုင်အောင်ဖြစ်လို့နေကြပါတယ်။

ဒါ့အပြင် ပရဟိတအလုပ်တွေလုပ်ရာမှာလဲ ၀ါသနာထုံသူတစ်ယောက်ဖြစ်တဲ့ မင်းသွေးဟာ သရုပ်ဆောင်ဝေဠုကျော်နဲ့အတူ ရေဘေးဒုက္ဒဖြစ်စဉ်အချိန်ကာလတုန်းက ပရဟိတအလုပ်တွေကို လိုက်ပါဆောင်ရွက်ရင်း မင်းသွေးပြောကြားခဲ့တယ့် အမှတ်ရစရာစကားတစ်ချို့ကို ဝေဠုကျော်က ၀မ်းနည်းကြေကွဲမှုများစွာနဲ့ ရေးသားပြောဆိုလိုက်ပါတယ်။ အကြွေစောခဲ့တဲ့ မင်းသွေးအတွက် ဝေဠုကျော်ရေးသားလိုက်တဲ့ ကြေကွဲဖွယ်ရာစာလေးကတော့ “စောလွန်းတယ် ညီလေးရယ်…

"ဒို့ညီအကိုတွေ အကူညီလိုနေတဲ့သူတွေအတွက် ဖေးမခဲ့တယ် ကူညီခဲ့တယ် အားပေးခဲ့ကြတယ်၊ ညီ အကို့ကိုပြောခဲ့တဲ့ စကားတွေထဲက တစ်ခုကို မေ့မရဘူးကွာ အကိုအသက်ကြီးလို့ ဒီအလုပ်တွေ ကနားတဲ့အခါ ကျွန်တော်က အကို့နေရာကနေ ဆက်လုပ်သွားမှာပေါ့တဲ့ ၊ ခု အကို မနားသေးဘူးလေ ညီက ဘာလို့ လောကကြီးထဲကနေ အပြီး နားသွားရတာလည်းကွာ”

“သေခြင်း နဲ့ မနက်ဖြန် ဘယ်အရာက ပိုနီးသလည်း ဆိုတာကို အသိ နဲ့ သတိ ရှိစေဖို့ မင်း သက်သေ ပြသွားတာလား မင်းသွေး ၊ တစ်ချိန်မှာ မင်းက ငါ့အသုဘကိုလိုက်ပို့ရင်း စိတ်ချသွားပါအကို အများအတွက် ကျွန်တော်အမြဲရှိနေပါ့မယ်လို့ ပြောတဲ့စကားကို ငါကြားရလိမ့်မယ်လို့ ငါတွေးထားတာ ခုတော့ မင်းဈာပနကို ငါစီစဉ်နေရပြီ ၊ ဟိုးးးး ကဒ် ပြန်ရိုက်မယ် ဆိုပြီး ငါ့ညီပြန်ထလာပါစေလို့ မပြည့်နိုင်မှန်းသိတဲ့ ဆုကို တောင်းနေမိတယ် . . .
မရဏမင်းရယ် လူမှားခေါ်တာလားဗျာ စောလွန်းပါသေးတယ် . . .” ဆိုကာ အမှတ်ရစရာ ပုံရိပ်တစ်ချို့နဲ့အတူ မင်းသွေးရဲ့သေဆုံးမှုအတွက် ၀မ်းနဲကြေကွဲစွာရေးသားလိုက်တာပဲဖြစ်ပါတယ်။

 

 

 



Follow us on