1. Home
  2. Movie Stars - Celebrity

ဓာတ်ပုံထဲမှာသာရှိတော့တဲ့ ညီဖြစ်သူကို လွမ်းဆွတ်သတိရနေတဲ့ နေတိုး

Movie Stars - Celebrity ต.ค. 05, 2561 view 1,997

နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် မင်းသာနေတိုးဟာ အောင်မြင်မှုတွေများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပီပီ အနုပညာအလုပ်တွေကိုလဲ အဆက်မပြတ်လုပ်ကိုင်လျက်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ မအားလပ်အောင် အနုပညာအလုပ်တွေနဲ့ နပန်းလုံးနေရတဲ့ နေတိုးတစ်ယောက် ရုတ်တရက်ဆုံးပါးသွားတဲ့ ညီဖြစ်သူသရုပ်ဆောင်မင်းသွေးကြောင့် ဖြေဆည်မရနိုင်အောင်ဖြစ်လို့နေပါတယ်။

လက်တွေ့ဘ၀ထဲကနေပျောက်ကွယ်ကာ ဓာတ်ပုံထဲမှာသာရှိတော့တဲ့ ညီဖြစ်သူကို နေတိုးတစ်ယောက် မိသားစုဓာတ်ပုံတွေကြည့်ရင်း  “အရင်လိုလူမစုံတော့မဲ့ မိသားစုလေး” ဆိုကာ မိသားစုထဲက အပြီးပိုင်ထွက်ခွာသွားတဲ့ ညီဖြစ်သူကို လွမ်းဆွတ်သတိရလို့နေပါတယ်။ မွေးချင်း မောင်နှမ (၄) ယောက်ရှိတဲ့အနက် မင်းသွေးဟာ တတိယောက်မြောက်သားဖြစ်ပြီး အစ်ကိုဖြစ်သူနေတိုးနဲ့ အထက်အောက် ညီအစ်ကိုတွေဖြစ်ပါတယ်။

သွားအတူ စားအတူ တစ်အိမ်ထဲအတူနေကြတဲ့ ညီအရင်းတစ်ယောက် မိသားစုထဲကနေ ရုတ်ချည်းဆိုသလို ထာဝရပျောက်ကွယ်သွားတဲ့ ဆုံးရှုံးမှုကြီးကတော့ အစ်ကိုအရင်းတစ်ယောက်အနေနဲ့ အကြီးမားဆုံး ဆုံးရှုံးမှုကြီးတစ်ခုဖြစ်လို့နေမှာပါနော်... မင်းသားနေတိုးနဲ့ ထပ်တူဝမ်းနဲပူဆွေးရသလို မင်းသွေးတစ်ယောက်လဲ ကောင်းရာဘုံဘ၀ကိုရောက်ပါစေလို့ ဆန္ဒပြုရင်း “Rest In Peace ပါ မင်းသွေး”....

 

 



Follow us on