1. Home
  2. Movie Stars - Celebrity

မေမေ့ရဲ့သားချော့တေးကို ပြုံးပြုံးကြီးနဲ့ နားထောင်နေတဲ့ သားလေး Liam

Movie Stars - Celebrity ต.ค. 09, 2561 view 2,127

သရုပ်ဆောင် ယွန်ဝတီလွင်မိုးဟာ လက်ရှိမှာ ချစ်စရာကောင်းတဲ့သားလေး Liam နဲ့အတူ မြန်မာပြည်ကို ခေတ္တပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။ (၂) လသားအရွယ်ရှိပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးရဲ့သားလေးကတော့ တစ်နေ့ထက်တစ်နေ့ကို ပိုပိုပြီးချစ်စရာကောင်းလာတာကြောင့် ပရိသတ်တွေက သူမကိုချစ်ရသလို သူမရဲ့သားလေး Liam ကိုလဲ အချစ်ပိုနေကြရတာပဲဖြစ်ပါတယ်။

မေမေတစ်ယောက်ဖြစ်သွားပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးဟာ အသက်သာငယ်ပေမဲ့ မေတ္တာအရာမှာမငယ်ပဲ သားလေးအတွက် မိခင်ကောင်းတစ်ယောက်ပီသအောင် ကြိုးစားနေသူဖြစ်ပါတယ်။ သူမဟာ သားလေးကို သီချင်းဆိုပြနေတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်ကနေမျှဝေလိုက်တဲ့အခါမှာတော့ သားချော့တေးကို ညည်းပြနေတဲ့ မေမေ့ကိုကြည့်ပြီး ပြုံးပြုံးကြီးနဲ့ နားထောင်နေတဲ့ Liam ရဲ့ပုံလေးက ကြည့်ရသူတိုင်းကို အသဲတယားယားနဲ့ကို ဖြစ်စေခဲ့ပါတယ်။ အလွန့်ကိုချစ်စရာကောင်းတဲ့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်....

Liam လေးဟာ နှစ်ဖက်မိဘဆွေမျိုးများအတွက် မြေးဦးလေးဖြစ်သလို သားယောကျာ်းလေးမရှိတဲ့ ရုပ်ရှင်မင်းသားကြီးလွင်မိုးတို့အတွက် သားမြေးဦးလေးဖြစ်တာကြောင့် မိသားစုတွေက လက်ကမချနိုင်ပဲ တုန်နေအောင်ချစ်နေကြရတာဖြစ်ပါတယ်။

 



Follow us on