1. Home
  2. Football

ရီးရဲမက်ထရစ် ဟာ သူရဲအိမ်မက်ပါလို့ အီဒင် ဟာဇတ် ဆို

Football ต.ค. 09, 2561 view 1,640

ဘယ်ဂျီယံ ကြယ်ပွင့် အီဒင် ဟာဇတ် ဟာ ချလ်ဆီအသင်းနှင့် စာချုပ်ချုပ်နိုင်ဖို့ မျော်လင့်ထားသလို ရီးရဲမက်ထရစ် အသင်းကိုပြောင်းရွေ့ ဖို့ကလည်း သူရဲအိမ်မက်ပါလို့ ပြောကြားခဲ့ပါတယ်။

အီဒင် ဟာဇတ် ဟာ လက်ရှိမှာ ချလ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ၂ နှစ်ခန့် ကျန်ရှိနေပြီး ပြီးခဲတဲ့ နွေရာသီ အပြောင်းအရွေ့တုန်းက ဥရောပ အသင်းကြီးတစ်သင်း ချိတ်ဆက်လာကြောင်းပြောကြားခဲ့ပါတယ်။

စာချုပ်သစ် ကိစ္စနဲပါတ်သတ်ပြီး “ ကျွန်တော် မပြောချင်သေးပါဘူး၊ ချလ်ဆီးအသင်းနှင့် ၂ နှစ်ခန့်ကျန်ပါသေးတယ်၊ ဘယ်ကလပ်က ကောင်းတယ်၊ မကောင်းဘူး ဆိုတာမရှိပါဘူး ၊ အကာင်းဆုံးပေးဆပ် ကစားဖို့ အသင့်ပါပဲ။ ချလ်ဆီးအသင်းမှာ ဆက်နေရမလား ၊ အနာဂါတ် မှာ အသင်းပြောင်းရွေ့ ရမလားဆိုတာ ကျွန်တော်အတွက် မနက် မနက် အိပ်ရာထတိုင်း ခေါင်းစားစရာကိစ္စတွေပါပဲ..”:

အီဒင် ဟာဇတ် ဟာ ပြီးခဲတဲ့အပါတ်က ဆောက်သမ်တန် နှင့် ပွဲစဉ်မှာ အဖွင့်ဂိုးသွင်းယူထားနိုင်ပြီး  အသင်းအတွက် စုစုပေါင်း ၇ ဂိုးသွင်း ၃ ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ခဲ့ပါတယ်။

“ကျွန်တော်မညာချင်ပါဘူး ရီရဲမက်ထရစ်အသင်း ဟာ ကမ္ကာ့အကာင်းဆုံး အသင်းဖြစ်ပြီး ကလေး ဘဝ ကတည်း ကစားချင်ခဲ့တဲ့ ကျွန်တော် ရဲ့အိမ်မက်ပါလို့ “ပြောကြားခဲ့ပါတယ်။

“အခုတော့ ဘာမှမပြောချင်သေးပါဘူး ကျွန်တော်တို့ မြင်တွေ့ရမှာပါ အနာဂါတ်မှာ ဘာတွေဖြစ်လာမလဲ ဆိုတာကိုပဲ စောင့်ကြည့်သွားကြတာပေါ”့ လို့ပြောကြားခဲ့ပါတယ်။

 



Follow us on