1. Home
  2. Movie Stars - Celebrity

မင်းသွေးအတွက် ရက်လည်ဆွမ်းကျွေး၊ အလှူကုသိုလ် ပြုပေးနေကြတဲ့ ကျန်ရစ်သူမိသားစုမြင်ကွင်း

Movie Stars - Celebrity ต.ค. 09, 2561 view 1,591

စိတ်ရင်းစိတ်ထားကောင်းရှိသူတစ်ဦးမို့ အများကချစ်ခင်လေးစားရတဲ့ သရုပ်ဆောင်မင်းသွေးကတော့ မိသားစုဝင်တွေနဲ့ အရာအားလုံးကိုနှုတ်ဆက်ကာ လူ့လောကကြီးထဲကနေ အပြီးတိုင်ထွက်ခွာသွားပြီပဲဖြစ်ပါတယ်။ အချိန်မတိုင်သေးဘဲ ရုတ်တရက်ထွက်ခွာသွားတဲ့ မင်းသွေးအတွက်တော့ မိသားစုဝင်များသာမက လူအများကပါ ၀မ်းနည်းစိတ်မကောင်းကြီးစွာဖြစ်ခဲ့ကြရပါတယ်။

အောက်တိုဘာလ (၃) ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ မင်းသွေးဟာ လူ့လောကကြီးထဲက ထွက်ခွာသွားတာ ယနေ့ဆို ၇ ရက်မြောက်ရှိသွားပြီဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်များမှ မင်းသွေးကိုကောင်းရာမွန်ရာဘ၀ကို အေးအေးချမ်းချမ်းရောက်ရှိနိုင်စေဖို့အတွက် ရက်လည်ဆွမ်းကျွေးခြင်းနှင့် အလှူအတန်းကုသိုလ်များပြုလုပ်ပေးခဲ့ကြပါတယ်။ မင်းသွေးအတွက် ကုသိုလ်ပြုပေးနေကြတဲ့ မိသားစုမြင်ကွင်းပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် (၃၃) နှစ်သာရှိသေးတဲ့ မင်းသွေး (ခ) နေမင်းအောင်ဟာ စိတ်ရင်းစိတ်ထားကောင်းသလို မကွယ်လွန်ခင်အချိန်တည်းက အလှူအတန်းတွေကိုအမြဲမပြတ်ပြုလုပ်ကာ ပရဟိတအလုပ်တွေမှာပါ အားတက်သရောပါဝင်ကူညီခဲ့သူမို့ မင်းသွေးတစ်ယောက် ကောင်းရာဘုံဘ၀ကိုရောက်ရှိမှာဖြစ်ကြောင်း ခင်မင်သူအပေါင်းအသင်းတွေသာမက ပရိသတ်များကပါ တထစ်ချယုံကြည်လို့နေကြပါတယ်။ ဒါ့အပြင် မင်းသွေးပါဝင်သရုပ်ဆောင်ထားတဲ့ “သတ်ကွင်း” ရုပ်ရှင်ဇာတ်ကားကြီးဟာလဲ မကြာခင်အချိန်မှာ ရုံတင်ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။

 

 



Follow us on