1. Home
  2. Movie Stars - Celebrity

ဘ၀ဆိုတာကြီးကို အနုပညာနဲ့ ခပ်ကြမ်းကြမ်းတင်စားလိုက်တဲ့ ကျော်ကျော်ဗိုလ်

Movie Stars - Celebrity ต.ค. 09, 2561 view 1,747

ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုလ်ဟာဆိုရင် အနုပညာနဲ့ပတ်သက်လာရင် စွယ်စုံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဘယ်လိုဇာတ်ရုပ် ပုံသဏ္ဍန်မျိုးကိုမဆို ပီပြင်အောင်သရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခြင်မှုကိုရရှိထားတဲ့ ကျော်ကျော်ဗိုလ်ကတော့ အနုပညာမျိုးရိုးက ဆင်းသက်လာသူတစ်ဦးလဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်ရင်း ပရိသတ်တွေအတွက် အမြဲတမ်းကြိုးစာနေတဲ့ ကျော်ကျော်ဗိုလ်ကတော့ အရှုပ်တွေလုပ်ရင်း အလုပ်တွေရှုပ်နေရတဲ့ လူ့ဘ၀ဆိုတာကြီးကို အနုပညာနဲ့ ခပ်ကြမ်းကြမ်းလေးတင်စားလိုက်ပါတယ်။

ကျော်ကျော်ဗိုလ် ရေးသားလိုက်တာကတော့ “မွေးလည်းရှုပ်....နေလဲရှုပ်... သေလဲရှုပ်နဲ့ ရှုပ်နေလိုက်ရတာ... ဘ၀ဆိုတာကို အနုပညာနဲ့ တင်စားရရင် စောက်လုပ်ရှုပ်ခြင်း အနုပညာ” ဆိုပြီး အနုပညာရှင်တစ်ယောက်ရဲ့ ဖြစ်တည်ရတဲ့ဘ၀ကို ခပ်ကြမ်းကြမ်းရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။

ကိုကြံ့လို့အများက သိကြတဲ့ ကျော်ကျော်ဗိုလ်ကတော့ အရင်ကနဲ့မတူ တစ်နေ့တစ်ခြားပိုမိုခန့်ညားစွာ ချောမောလာတာကိုလဲ ပရိသတ်တွေမျက်မြင်တွေ့ကြရမှာအမှန်ပါပင်။ ဒီလိုမျိုး ချောမောလာရတဲ့ အဓိကလျှို့ဝှက်ချက်လေးက ဆေးလိပ်ဖြတ်လိုက်တာကြောင့်ဖြစ်ပြီး ပရိသတ်တွေကြားထဲမှာလဲ ဟိုးလေးတကျော်ရေပန်စားခဲ့ပါသေးတယ်။ ကျော်ကျော်ဗိုလ်ဟာ လက်ရှိမှာ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်ရင်း ချစ်ရတဲ့မိသားစုကိုလဲ အချိန်ပေးကာ ယောကျာ်းကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် MRTV-4 ချန်နယ်တွင် ပြသလျက်ရှိတဲ့ မနေ့ကဖြစ်သည် (၂) ဇာတ်လမ်းတွဲမှာလည်း ဦးသီဟ ကာရိုက်တာနဲ့ ပရိသတ်တွေရဲ့ ရင်ကိုထိမိစေခဲ့ပါသေးတယ်။

 

 

 

 



Follow us on