1. Home
  2. Movie Stars - Celebrity

ဒေါ်လာဈေး၊ ဆီဈေး တက်လာတဲ့အပေါ် ဒေါ်တင်မိုးလွင်ရဲ့ အမြင်

Movie Stars - Celebrity ต.ค. 10, 2561 view 1,440

မော်ဒယ်လောက ရဲ့ မိခင်ကြီး တစ်ဦးဖြစ်တဲ့ ဒေါ်တင်မိုးလွင်ဟာ မြန်မာနိုင်ငံရဲ့ ဒေါ်လာဈေး၊ ဆီဈေး တဟုန်ထိုးမြင့်တက်လာခြင်းအပေါ် သူ့ရဲ့ ထင်မြင်ချက်အချို့ကို အင်တာဗျူးတစ်ခုမှာ ဒီလိုဖြေကြားထားပါတယ်။

“လောကကြီးမှာ လောကဓံတရား အတက်အကျတွေအများကြီးရှိပါတယ်။ ဒေါ်လာဈေး၊ ရွှေဈေးမှ မဟုတ်ပါဘူး အတက်အကျ အနိမ့်အမြင့်ကနေရာတိုင်းမှာရှိပါတယ်။ မမိုးတို့ အတွေးအခေါ်၊ ဥာဏ်ပညာ၊ အဆင့်အတန်းတွေဟာလည်း ကြိုးစားနေရင်းနဲ့ကိုတက် လိုက်ကျလိုက်ပါပဲ။ မမိုးတို့ အသက် ၄၆ နှစ်အရွယ် အတွေ့အကြုံကိုပြောရရင် မမိုးတို့ ငယ်စဉ်ကတက်ခဲ့တဲ့ကုန်ဈေး နှုန်းက တစ်ခါမှလဲမကျဖူးသေးပါဘူး။ ဒါပေမဲ့ မမိုးတို့ ရှင်သန်နေဆဲပါ။ ဘဝမှာ ရှင်သန်နေထိုင်ရတာ ဘယ်လိုမှမလွယ်ကူပါဘူး။ လူတိုင်းသိပါတယ်။ လွယ်ကူတဲ့ ဘဝဆိုတာမရှိပါဘူး။ ညည်းညူနေမဲ့အစား လက်တွဲပူးပေါင်းလုပ်ဆောင်ကြရပါမယ်” လို့ဖြေကြားထားပါတယ်။



Follow us on