1. Home
  2. Football

မန်ချက်စတာယူနိုက်တတ်မှ ပေါ့ဘာ ကို ဂျူဗင်တပ် တို့ စိတ်မဝင်စား

Football ต.ค. 10, 2561 view 1,560

ဂျူဗင်တပ် အသင်း ဟာ မန်ချက်စတာယူနိုက်တတ်အသင်း ကွင်းလယ်ကစားသမာ ပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့ ဂျူဗင်တပ်စ်အသင်းရဲ့အားကစားဒါရိုက်တာ Fabio Paratici က စိတ်မဝင်စားဘူးလို ဆိုပါတယ်။

ပေါ့ဘာ ဟာ ယူနိုက်တတ်အသင်းမှ ၂၀၁၂ ခုနှစ် တွင် ဂျုဗင်တပ်အသင်းသို ပြောင်းရွေကစားခဲ့ပြီး ၂၀၁၆ မှာ ယူနိုက်တတ်အသင်းသို့ စံချိန်တင်ပြောင်းရွေ့ကြေး ယူရို ၈၉ သန်းဖြင့် ပြောင်းရွေ့ကစားခဲ့တာဖြစ်ပါတယ်။

ပြင်သစ် လက်ရွေးစင် ကွင်းလယ်ကစားသမား   ပေါ့ဘာက  က ယခု ယူနိုက်တတ်မှာ ပျော်ရွင်ပုံမရဘဲ ဘာစီလိုနာအသင်း သို့ ပြောင်းရွေ့ကစားချင်ကြောင်း အသင်းဖော်တွေ ကို ဖွင့်ဟ ခဲ့ပါတယ်။ နည်းပြမော်ရင်ဟို နှင့်လည်း အချေ့အတင့် အဆင်မပြေမှုတွေဖြစ်ပြီး အသင်းခေါင်းဆောင် ရာထူးကနေလည်း  ပယ်ချခံခဲ့ရပါတယ် ။

Fabio Paratici က “ကျွန်တော်တို့ သူကို ချစ်ပါတယ်။ အသင်းကနေ ထွက်ခွာပြီးနောက်ပိုင်း သူ ကို အောင်မြင်မှုတွေရစေချင်ပါတယ်။ ပြန်ခေါ်ဖို့ တော့ မစဉ်းစားဖူးပါဘူး “ လို့ ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ် အသင်း ဟာ ရီးရဲမက်ထရစ် အသင်းမှ အသက် ၃၃ နှစ်အရွယ် ရော်နယ်ဒို ကို  ယူရို ၁၀၅ သန်းဖြင့်ခေါ်ယူထားနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တတ်အသင်းနှင့် ဂျူဗင်တပ် အသင်း တို့ဟာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၄  ရက်မှာတွေ့ဆုံသွားဖို့ရှိနေပြီး ပေါဘာ၊ ရော်နယ်ဒို တို့ကလည်း အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်သွားကြမည်ဖြစ်ပါတယ်။

 



Follow us on