1. Home
  2. Movie Stars - Celebrity

Train to Busan 2 မှာအဓိကဇာတ်ရုပ်နေရာကပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရတဲ့မင်းသား

Movie Stars - Celebrity ต.ค. 10, 2561 view 1,547

၂၀၁၆ နှစ်လယ်ပိုင်းမှာ အရမ်းပေါက်ပြီးအောင်မြင်ကျော်ကြား ခဲ့တဲ့ Train to Busan ဆိုတဲ့ ရုပ်ရှင်ကားကြီးကိုတော့ ပရိတ်သတ်ကြီးမှတ်မိလိမ့်မယ်ထင်ပါတယ်။  ကူးစက်ပြန့်ပွားလွယ်တဲ့ အင်းဆက်ပိုးကနေ စတင်ဖြစ်ပွားလာတဲ့ ရောဂါကြောင့် လူသားစင်စစ်ကနေ ဖုတ်ကောင်များအဖြစ်ပြောင်းလဲသွားတဲ့ ဇာတ်လမ်းလေးပါ။

ကြောက်စရာ ဖုတ်ကောင်သရဲများနဲ့ ရထားပေါ်မှာရင်ဆိုင်တိုက်ခိုက်ရတဲ့ အခန်းတွေကလဲ အံ့မခန်းပါပဲ။ အဓိကမင်းသား နေရာမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ဂေါင်ယိုး ဟာလဲ ဒီဇာတ်ကားရိုက်ပြီး ဆုများစွာဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီဇာတ်ကားဟာဆိုရင် တောင်ကိုးရီးယားမှာသာမက ဟောလိဝုဒ်ထိပါ ပေါက်တာမို့ အရမ်း အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ကားတစ်ကားလို့ပြောရမှာပါပဲ။ ပါဝင်ခဲ့တဲ့ မင်းသား၊ မင်းသမီး တွေနဲ့ ကလေးသရုပ်ဆောင် ကောင်မလေးကအစ ဒီဇာတ်ကား ရိုက်ပြီး အရမ်းနာမည်ကြီးသွားခဲ့ပါတယ်။

မင်းသား ဂေါင်ယိုးဟာဆိုရင်လဲ သူ့ရဲ့ သရုပ်ဆောင်ကြေးဟာ အမြင့်ဆုံးဖြစ်သွားခဲ့ပြီး ဝင်ငွေအများဆုံး မင်းသားအဖြစ် နံပါတ်တစ်နေရာမှာ ယနေ့တိုင် ရပ်တည်နေဆဲဖြစ်ပါတယ်။

Train to Busan ဟာအရမ်းကို ပေါက်ခဲ့တာမို့ Train to Busan ရဲ့ ဒါရိုက်တာဖြစ်တဲ့ ယွန်းဆန်ဟို ဟာ Train to Busan 2 ရိုက်ဖို့ရှိပါတယ်လို့ ပြောဆိုလာပါတယ်။ မင်းသား၊ မင်းသမီးများကတော့ မရွေးရသေးပါဘူး။

အခုလက်ရှိ အနေနဲ့တော့ မင်းသား ဂန်ဒုံဝန်ကို ခေါင်းဆောင်မင်းသားအနေနဲ့ ကမ်းလှမ်းထားပါတယ်လို့ ပြောကြားထားပါတယ်။

မင်းသား ဂန်ဒုံဝန်ဟာ ယခုလက်ရှိ ၂၀၁၉ မှာ ထွက်ရှိမယ့် Tsunami LA ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေဆဲဖြစ်ပါတယ်။ သူ့အနေနဲ့ Train to Busan မှာ ပါဝင်ဖို့ ဒါရိုက်တာအဖွဲ့မှာ ဇာတ်ညွှန်းပေးပြီး ကမ်းလှမ်းခံခဲ့ရပါတယ်။

ဂန်ဒုံဝန်ဟာ ဟောလိဝုဒ် ရုပ်ရှင်များနဲ့လဲ တရင်းတနှီးရှိပြီး Train to Busan 2 မှာပါဝင်ဖို့ အရည်အသွေး ပြည့်မှီတဲ့ မင်းသားတစ်လက်ဖြစ်တယ်လို့ ပရိတ်သတ်များကလဲ ထင်ကြေးပေးနေကြပါတယ်။

Train To Busan 2 ကို ၂၀၁၉ မှာစတင်ရိုက်ကူးဖြစ်မယ်လို့လဲသိရပါတယ်။

 



Follow us on