1. Home
  2. Movie Stars - Celebrity

“အ၀င်းကကိုယ့်ကို crush နေတာဖြစ်မယ်” လို့ အရွှန်းဖောက်လိုက်တဲ့ ဖြူဖြူကျော်သိန်း

Movie Stars - Celebrity ต.ค. 10, 2561 view 1,526

မြန်မာ့အနုပညာဂီတလောကထဲမှာ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းကောင်းတွေကို အမိုက်စားသီဆိုကာ နှစ်ယောက်မရှိတဲ့ထူးခြားဆန်းပြားတဲ့ ဖက်ရှင်ဒီဇိုင်း ရှိုးတင်ဆက်မှုတွေကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းခံရကာ အောင်မြင်မှုများစွာကိုရရှိပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော်အဆိုတော်ဖြူဖြူကျော်သိန်းကတော့ လက်ရှိအချိန်ထိ အပျိုကြီးဘ၀မှာနစ်မြောနေသူတစ်ယောက်ဖြစ်ပါတယ်... အပျိုကြီးမမဖြူဖြုတစ်ယောက် မိန်းကလေးတိုင်းအသဲစွဲချစ်ရတဲ့ အ၀င်းလို့ချစ်စနိုးခေါ်ကြတဲ့ မိုရီဆာကီဝင်းက သူမကိုများ Crush နေသလားဆိုကာ အင်တာဗျူးတစ်ခုမှာ အရွှန်းဖောက်ကာ နောက်ပြောင်ပြောကြားလိုက်ပါတယ်။

အ၀င်းနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရတဲ့အကြောင်းနဲ့ပတ်သက်ပြီး “MNTV ကနေ မကြာခင်ထုတ်လွှင့်တော့မယ့် အ၀င်းရဲ့ ပရိုဂရမ်လေးတစ်ခုအတွက် ဖြူဖြူက အထူးဧည့်သည်တစ်ယောက်အနေနဲ့ ပါဝင်ပေးတာပါ။ အ၀င်းနဲ့က မနေ့ကမှ ပထမဆုံးဆုံဖူးတာ။ အဲ့တာကြောင့်လဲ တစ်ခါတည်း လက်ထပ်စာချုပ်ပါဆောင်သွားတယ်၊ သူကစာချုပ်နဲ့ နာမည်ကြီးတယ်လေ” ဆိုကာ အားရပါးရရယ်မောရင်း ပြောကြားသွားတာဖြစ်ပါတယ်။

မိုရီဆာကီဝင်းနဲ့ပတ်သက်ပြီး သူမရဲ့သဘောထားအမြင်ကိုလဲ “အထူးသဖြင့် Ready Player One မှာလေ စာတန်းထိုးတော့ ကြော်ငြာမှာထိုးတဲ့ဟာလေးတစ်ခု တွေ့လိုက်တယ်။ ဘာလဲဆိုတော့ “Japanse actor of Burmese descent” ဆိုတဲ့ စကားလေးရေးထားတယ်။ အဲ့ဒီစကားလေးကို သိပ်သဘောကျတယ်။ အဲ့ကိုရောက်သွားပြီး အဲ့လိုဖြစ်နေပေမယ့်လဲ မြန်မာဆိုတဲ့စကားလေးကို အပျောက်မခံဘူးပေါ့နော်။ သူ့နိုင်ငံအပြင် ဟောလိဝုဒ်ကအစ ဒီစာသားလေးကို သတိတရထည့်ပေးတယ်ဆိုတာက ကိုယ့်နိုင်ငံအတွက်တော့ ကြံဖန်ဂုဏ်ယူစရာတစ်ခုပဲ” လို့ဆိုသွားပါတယ်။

အ၀င်းက သူ့ကိုယ်သူမြန်မာပါလို့ အမြဲပြောလေ့ရှိတဲ့ အပေါ်မှာလဲ “သိပ်ဝမ်းသာစရာ ကောင်းတာပေါ့။ ပျော်ဖို့ကောင်းတယ်။ သူကလဲ အရမ်းကို ပျော်စရာကောင်းတယ်၊ ချစ်စရာကောင်းတဲ့ လူတစ်ယောက်ပဲ။ စကားအပြောအဆိုလဲ ယဉ်ကျေးတယ်၊ ဇ၀နဥာဏ်လဲရွှင်တယ်။ မနေ့ကရိုက်တုန်းကဆို တစ်ချိန်လုံး ခွီနေရတာ၊ အထူးသဖြင့်တော့ အဲ့စာချုပ်ကိစ္စနဲ့ ခွီနေကြတာ။ သူကကိုယ့်ကို Crush နေတာလား မသိပါဘူး၊ နောက်တာနော်။ ပရိုဂရမ်အတွက် ကြော်ငြာပေးနေတာ၊ မကြာခင်လွှင့်တောမှာ” ဆိုကာ အားရပါးရကို ရယ်မောရင်း နောက်ပြောင်ကျီစယ်လိုက်တာဖြစ်ပါတယ်။

နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းဟာ အမေရိကန်ဆိုတော် Lancifer နဲ့အတူ ပူးပေါင်းဖန်တီးထားတဲ့ သူမရဲ့(၇) ကြိမ်မြောက် တစ်ကိုယ်တော် Mini album ကို လာမယ့် အောက်တိုဘာ (၁၄) ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာဖြစ်ပါတယ်။ ဖြူဖြူတစ်ယောက် ဘယ်လိုမျိုးဖန်တီးမှုတွေနဲ့ ပရိသတ်တွေကိုဖမ်းစားဦးမလဲဆိုတာ စောင့်ကြည့်အားပေးလိုက်ကြပါဦးနော်....

 

Source_8days

 



Follow us on