1. Home
  2. Movie Stars - Celebrity

ချစ်ရတဲ့မေမေကို မွေးနေ့ဆုအကြီးကြီးတောင်းပေးလိုက်တဲ့ ဖွေးစိန်လေး

Movie Stars - Celebrity ต.ค. 11, 2561 view 1,641

ရုပ်ရှင်နဲ့သရုပ်ဆောင် မင်းသမီးလေးဖွေးဖွေးကတော့ လက်ရှိမြန်မာ့အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးစာရင်းထဲမှာ ရပ်တည်နေသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဇာတ်ရုပ်မျိုးစုံကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပြီး ကလေးတစ်ယောက်လို အပြစ်ကင်းစင်ကာ ချစ်စဖွယ်ဟန်ပန်လေးတွေနဲ့ပြည့်နှက်နေတဲ့ ဖွေးစိန်လေးကတော့ ချစ်ရတဲ့မေမေရဲ့မွေးနေ့မှာ ဆုအကြီးကြီးတောင်းပေးလိုက်ပါတယ်။

ချစ်မေမေကြီးတစ်ယောက် မွေးနေ့မှာကြည်နူးပျော်ရွှင်သွားမယ့် မွေးနေ့ဆုမွန်လေးကို တောင်းပေးထားတာဖြစ်ပါတယ်။

“Happy Birthday ပါ ချစ်မေကြီး.. အမေ့ကို အရမ်းချစ်တယ်… အမေ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့.. အဖေ သမီး ဖိုးသား ...အမေချစ်တဲ့သူငယ်ချင်းတွေနဲ့ အကြာကြီး ပျော်ပျော်နေနိုင်ပါစေ… You are my super hero” ဆိုကာ သူမအရမ်းချစ်ရတဲ့မေမေတစ်ယောက် သားသမီးတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေသွားစေနိုင်ဖို့ကို ဆုမွန်တောင်းပေးထားတာဖြစ်ပါတယ်။

ဆက်လက်ပြီး “ချွဲနွဲ့တာတွေ မတတ်ပေမယ့်လဲ လူအချင်းချင်းစောင့်စည်းရမယ့် Moral rules နဲ့ ethics တွေ ကိုယ်ချင်းစာ တရားတွေ ကို အပြောနဲ့ပဲ မဟုတ်ပဲ ကိုယ်တိုင်ရှေ့ က လက်တွေ့ နေထိုင် သင်ပြပေးခဲ့လို့ ကျေးဇူးပါပဲအမေ.. များကြီးမပြောတော့ပါဘူး . . အမေက တော့အိပ်နေပြီ နှိုးလည်း မနှိုးတော့ဘူး... မနက်ကျမှ ဘတ်ဒေးကစ်စ်စစ် ပေးတော့မယ် နော်...” ဆိုကာ စံပြမိခင်တစ်ယောက်အဖြစ်နဲ့ သွန်သင်ဆုံးမပေးခဲ့တဲ့အတွက်လဲ ကျေးဇူးတင်ကြောင်းရေးသားထားတာပဲဖြစ်ပါတယ်။ မိဘအပေါ်သိတတ်လိမ္မာတဲ့ ဖွေးစိန်လေးကြောင့် ချစ်မေကြီးကတော့ ပြောနေတော့မှာပဲနော်…

 

 

 

 



Follow us on