1. Home
  2. Special or Others

မသန်မစွမ်းဖခင်ကို တစ်ယောက်ထဲ ပြုစုပေးနေတဲ့ ၆ နှစ်သမီးလေး

Special or Others ต.ค. 11, 2561 view 1,636
အသက် ၆ နှစ်ဆိုတဲ့ အရွယ်ဟာ မိဘရင်ခွင်ထဲမှာပဲ မိဘရဲ့ ပြုစုစောင့်ရှောက်မှုကို ခံယူနေရဦးမယ့် အရွယ်ပါ၊ ဒါပေမယ့် တရုပ်နိုင်ငံ နင်ရှားပြည်နယ်က “ဂျယ်ဂျဲ” ဆိုတဲ့ သမီးလေးကတော့ အခြားကလေးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး သွက်ချာပါဒ၊ မသန်မစွမ်းဖြစ်နေတဲ့ ဖခင်ကို သူတစ်ယောက်ထဲ ပြန်လည် ပြုစုပေးနေရပါတယ်။
 
 
ဖခင်ဖြစ်သူ “တိုင်ဟေချန်း” ဟာ ယခင်က သာမန်အတိုင်း သန်စွမ်းသူဖြစ်ပြီး  ၂၀၁၆ ခုနှစ် သူအသက် ၄၀ အရွယ်မှာ ယာဉ်မတော်တဆမှုဖြစ်ခဲ့ကာ အောက်ပိုင်းသေသွားပြီး မသန်မစွမ်းနဲ့ သွက်ချာပါဒ ဘဝကို ရောက်သွားခဲ့ရပါတယ်။ 
“ဂျယ်ဂျဲ” ရဲ့မိခင် ၇ နှစ်တာ ပေါင်းသင်းလာတဲ့ ဇနီးအလိမ္မာက ခင်ပွန်းသည် မသန်မစွမ်းဖြစ်ပြီး ၂ လအကြာမှာ သားအကြီးကောင်ကို ခေါ်ကာ အိမ်ကနေ အပြီးထွက်သွားခဲ့ပါတယ်။ “ဂျယ်ဂျဲ” ကတော့ ဖခင်ကို တစ်ယောက်ထဲ မထားရက်သူမို့ ဖခင်ဘေးမှာပဲ နေမယ်လို့ ဆုံးဖြတ်ပြီး နေခဲ့ပါတယ်။ (အသက်အရွယ်လေးနဲ့ မလိုက်အောင် လိမ္မာလိုက်တဲ့ သမီးလေးရယ်..)
 
“တန်”ဟာ မတော်တဆမှုကြောင့် သူ့ရဲ့ကျောရိုးမကြီး ကျိုးသွားတဲ့အတွက် သူ့ရဲ့တစ်ဘဝလုံး အိပ်ယာထဲလဲပြီး နာတာရှည်ကြီးဖြစ်တော့မယ်လို့ သိလိုက်တဲ့အတွက် စိတ်ဓါတ်အကြီးအကျယ်ကျပြီး ပိုးသတ်ဆေးသောက်ကာ ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားခဲ့ပါတယ်။
သမီးလေး “ဂျယ်ဂျဲ” က သိသွားပြီး သူ့အဖေကို -
“ဖေဖေ မသေရဘူး။ သမီးမှာ အဖေမရှိလို့ မဖြစ်ဘူး၊ အမေကလည်း သမီးတို့ကို ပစ်သွားပြီ၊ သမီးမှာ အဖေကလွဲရင် ဘယ်သူမှ မရှိတော့ပါဘူး” လို့ ငိုယိုပြောတော့မှ “တန်”က သတ်သေဖို့ကို လက်လျော့လိုက်ပါတယ်။
 
“တန်” က ဓါတ်ပုံတွေတင်တဲ့ လူမှုကွန်ယက် ‘ကွေရှို’ ကို အသုံးပြုပြီး ကူညီသူမရှိ သူ့သမီးလေးတစ်ယောက်ထဲ အမြဲအလုပ်ရှုပ်နေတဲ့ ပုံလေးတွေကို မှတ်တမ်းအနေနဲ့ တင်ခဲ့ပါတယ်။ လူတွေ သိလာပြီးနောက်ပိုင်းမှာ “တန်”ရဲ့ အကောင့်မှာ ဖော်လိုဝါတွေ ၅ သိန်းနီးပါထိ ရှိလာခဲ့ပါတယ်။
 
“ဂျယ်ဂျဲ” အကြောင်းကို လာသိများလာပြီး တရုပ်သတင်းမီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ “သမီး ဖေဖေ့ကို ပြုစုရလို့ ဘယ်တော့မှ မပင်ပန်းပါဘူး” လို့ ဖြေကြားထားပါတယ်။
 
 
သားအဖနှစ်ယောက် မနက် ၆ နာရီဆိုရင် အိပ်ယာကထပြီ၊ သမီးက လက်ဖြစ်အကူပစ္စည်းလေးနဲ့ ဖခင်ကို အိပ်ယာပေါ်ကနေ မော်တာတပ် ဘီးတပ်ကုလားထိုင်လေးပေါ် ကူပြီးရွေ့ပေးတယ်။ အဲဒီနောက် ဖခင်ကို သွားတိုက်၊ မျက်နှာသစ်ပေးပါတယ်။ ပြီးရင် ကြွက်သားတွေ ပျော့ပြောင်းသွားအောင် ဖခင်ကို နာရီဝက်လောက် နှိပ်နယ်ပေးပါသေးတယ်။ ပြီးတော့မှပဲ ကျောင်းသွားတက်ပါတယ်။ “ဂျယ်ဂျဲ” ကျောင်းတက်နေတဲ့အချိန်မှာတော့ သူ့ရဲ့အဖိုးအဖွား (တန် ရဲ့မိဘ) တွေက လာပြီး စောင့်ရှောက်ပေးကြပါတယ်။
 
 
“ဂျယ်ဂျဲ” ဟာ သူ့အသက်အရွယ်လေးနဲ့ ဖခင်ကိုတောင် မုတ်ဆိတ်ရိပ်ပေးတတ်နေပါပြီ ဒါကြောင့်လည်း “တန်” က သူ့သမီးလေးကို ဖေ့ဖေ့ရဲ့လက်ရုံးလေးလို့ နာမည်ပေးထားပါတယ်။
 
“ဂျယ်ဂျဲ” ကတော့ တစ်ကယ့်ကို ရှာမှရှား မိဘကျေးဇူးကို အရွယ်နဲ့ မလိုက်အောင် သိတတ်တဲ့ သမီးအလိမ္မာလေးအဖြစ် အွန်လိုင်းပေါ်မှာ အားလုံးရဲ့ ချစ်ခင်မှုကို ခံနေရပါတယ်။ ကတော့ တစ်ကယ့်ကို ရှာမှရှား မိဘကျေးဇူးကို အရွယ်နဲ့ မလိုက်အောင် သိတတ်တဲ့ သမီးအလိမ္မာလေးအဖြစ် အွန်လိုင်းပေါ်မှာ အားလုံးရဲ့ ချစ်ခင်မှုကို ခံနေရပါတယ်။
 
 


Follow us on