1. Home
  2. Movie Stars - Celebrity

ဖေ့ဘွတ်ခ် အကောင့်ဟက်ခံရပြီးနောက် ကိုယ့်ကိုယ်ကိုသတ်သေဖို့ကြိုးစားခဲ့တဲ့ဟိန်းမင်းသူ

Movie Stars - Celebrity ต.ค. 12, 2561 view 2,213

မော်ဒယ်တစ်ဖြစ်လဲ အဆိုတော်ဟိန်းမင်းသူဟာ သူ့ရဲ့ ဖေ့ဘွတ်ခ် အကောင့် ဟက်ခံရပြီးနောက် Chat box မှ လျှို့ဝှက်ချက်များကို screenshots များနှင့်တကွဖော်ပြခြင်းကို ခံခဲ့ရပါတယ်။

Screenshots များထဲကမှ သူနှင့် အုပ်စိုးခန့် တို့ ယောင်္ကျားခြင်းချစ်ကြိုက်နေကြတယ် လို့ထင်ရတဲ့ message များက ဖေ့ဘွတ်ခ်တစ်ခွင်ပြဲပြဲစင်အောင် ပွနေပြီဖြစ်ပါတယ်။

ထုတ်ပြခံရတဲ့ screenshots များထဲမှာ စိုင်းဝဏ္ဏအောင်၊ ပိုင်တံခွန်၊ အောင်လေး၊ Tyron Bejay တို့နဲ့ chat ထားတဲ့ message များလဲပါပါတယ်။

 

 

ဟိန်းမင်းသူနှင့် အုပ်စိုးခန့်တို့ chat ထားတဲ့ message များအရ သူတို့နှစ်ယောက်ဟာ တကယ် ဂေးမဂေးကို ပရိတ်သတ်များကလဲ တစ်ယောက်တစ်မျိုး ထင်ကြေးပေးနေကြပါတယ်။

ဟိန်းမင်းသူကို နားလည်ပေးပြီး သူတို့နှစ်ယောက်ကို ဝန်းရံပေးသူများလဲရှိနေသလို ဂေးဆိုပြီး လှောင်ပြောင်ဟားတိုက်သူများလည်းရှိနေပါတယ်။

ယမန်နေ့ နေ့ခင်းပိုင်းက Tyron Bejay ၏ ဖေ့ဘွတ်ခ်အကောင့်မှ status အရ မော်ဒယ် ဟိန်းမင်းသူဟာ သူ့ကိုယ်သူသတ်သေဖို့ ကြိုးစားခဲ့လို့ ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။ လှောင်ပြောင်ဟားတိုက်သူများကို ခင်းဗျားတို့ကျေနပ်ကြပြီလားလို့ လဲပြောထားပါတယ်။

 

 



Follow us on