1. Home
  2. Special or Others

မခံနိုင်အောင် ခေါင်းကိုက်လွန်းလို့ စစ်ဆေးကြည့်ရာ ဦးခေါင်းထဲ သံချောင်းတွေ့ရှိ

Special or Others ต.ค. 12, 2561 view 1,744
တရုပ်နိုင်ငံ ဟူဘေစီရင်စုရှိ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ခေါင်းကိုက်ဝေဒနာခံစားနေရပြီး ဘာဆေးသောက်သောက် မပျောက်သည့်အဆုံး ဆေးရုံမှာ သွားရောက်စစ်ဆေးခဲ့ရာ သူ၏ ဦးခေါင်းထဲ သံချောင်းတစ်ချောင်း စိုက်ဝင်နေကြောင်း ထူးဆန်းစွာတွေ့ခဲ့ရသည်။
 
“ဟူ” ဟာ ဘိလပ်မြေစက်ရုံက ဝန်ထမ်းဖြစ်ပြီး  လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ခေါင်းကိုက်ဝေဒနာ ဆက်တိုက်ခံစားခဲ့ရတာပါ၊ ဆေးတွေသောက်ပေမယ့် မပျောက်တာကြောင့် ချောင်ယန်း ပြည်သူ့ဆေးရုံမှာ အောက်တိုဘာလ ၅ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။
 
သူ့ရဲ့ဦးခေါင်းကို စီတီစကန် ရိုက်ကြည့်ပြီးနောက် ထွက်လာတဲ့ အဖြေကြောင့် ဆရာဝန်ရော သူကိုယ်တိုင်ပါ အလွန်အံသြသွားခဲ့ပါတယ်။ သူ့ရဲ့ ဦးခေါင်းခွံထဲမှာ ၄၈ မီလီမီတာရှိတဲ့ သံတစ်ချောင်းစိုက်ဝင်နေတာကို တွေ့ခဲ့ရလို့ပါ။ အခြားကျန်းမာရေးအခြေအနေက ပုံမှန်ဖြစ်နေပြီး ဒီသံချောင်းကြောင့် ခေါင်းကိုက် ဝေဒနာခံစားနေရတာဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
 
“ဟူ” ဟာ ဘိလပ်မြေစက်ရုံမှာ လုံခြုံရေးကင်မရာတွေကို ထိန်းချုပ်ခန်းထဲကနေ စောင့်ကြည့်ရတဲ့ အလုပ်လုပ်တာဖြစ်လို့ သံချောင်းနဲ့ သူနဲ့ဘယ်လိုမှ ပက်သက်ဆက်စပ်မှုမရှိဘူးလို့ဆိုပါတယ်။ ဒီသံချောင်း သူ့ရဲ့ဦးခေါင်းထဲ ဘယ်လိုရောက်နေလဲဆိုတာကတော့ ခုချိန်ထိ ပဟေဋိဖြစ်နေဆဲဖြစ်ပါတယ်။ “ဟူ” အနေနဲ့ ခွဲစိပ်ခံပြီး သံချောင်းကို ဖယ်ရှားသွားရမှာဖြစ်ပါတယ်။
 


Follow us on