1. Home
  2. Special or Others

နိုင်ငံခြား ထုတ်ကုန်ပစ္စည်းတွေကို တစ်ခုမှမသုံးပဲ သင်နေနိုင်ပါသလား

Special or Others ต.ค. 12, 2561 view 1,672

နိုင်ငံခြား ထုတ်ကုန်ပစ္စည်းတွေ တစ်ခုမှမသုံးပဲ သင်နေနိုင်ပါသလား။ မနေနိုင်ပါဘူး။ ကျွန်တော်တို့ မြန်မာလို နိုင်ငံမျိုးဟာ ကိုယ့်နိုင်ငံမှာ အရည်အသွေးပြည့်မှီတဲ့ ပစ္စည်းများကို ထုတ်လုပ်ခြင်းမျိုးမရှိသေးတဲ့အတွက်  နိုင်ငံခြားထုတ်ကုန်  တွေ       ကိုပဲအလေးထားသုံး စွဲခဲ့ကြတာ အရိုးစွဲနေပြီဖြစ်ပါတယ်။

မသုံးလို့လဲမရပါဘူး။ ကျွန်တော်တို့ ဝတ်တဲ့အင်္ကျီ ၊စီးတဲ့ဖိနပ်၊ အမျိုးသမီးတွေဆိုရင်လဲ မျက်နှာမှာလိမ်းတဲ့မိတ်ကပ်၊ နှုတ်ခမ်းနီ ၊ ဆံကေသာ လှပဖို့ လိမ်းတဲ့ Hair coat အစရှိတဲ့ လူသုံးကုန်ပစ္စည်း တော်တော်များများဟာ ဆယ်ပုံမှာ တစ်ပုံကသာ မြန်မာက ထုတ်လုပ်တဲ့ ပစ္စည်းဖြစ်နိုင်ချေရှိပါတယ်။ ဒါတောင်ကိုယ်ခန္ဓာမှာ ရှိတဲ့အသုံးအဆောင် တွေပဲရှိပါသေးတယ်။

 

မနက်အိပ်ရာထတာနဲ့ စဉ်းစားကြည့်ပါ။ ကိုယ်သစ်မယ့်မျက်နှာသစ်ဆေးကရော ကိုယ့်နိုင်ငံက ထုတ်တာဟုတ်ရဲ့လား။ သွားတိုက်ဆေးနဲ့ သွားတိုက်တံတွေကရော?? ရေချိုးတဲ့အခါမှာရော ဆပ်ပြာက ကိုယ့်နိုင်ငံက ထုတ်တဲ့ဆပ်ပြာဟုတ်ရဲ့လား။ ရေချိုးပြီးရင် ကိုယ်ဝတ်မယ့် အဝတ်ကရော ကိုယ့်နိုင်ငံက brand ဟုတ်ရဲ့လား။ သေချာပြန်စဉ်းစားကြည့်ပါ။ ကိုယ်သုံးတဲ့ အသုံးအဆောင်ပစ္စည်းထဲမှာ ကိုယ့်နိုင်ငံက ထုတ်တဲ့အရာများ ဘယ်လောက်များများစားစားရှိသလဲ ရေတွက်ကြည့်ပါ။ ဆယ်ပုံမှာ တစ်ပုံလောက်တောင် ရှိပါ့မလား။

 

ကုန်ကုန်ပြောရရင် ကျွန်တော်တို့ အားတိုင်းအပျင်းပြေစားနေတဲ့ Oishi မုန့်ထုတ်တို့ဘာ တို့ဆိုတာလဲ ဂျပန်ကထုတ်တာပါပဲ။ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ သောက်လေ့ရှိကြတဲ့ Cola, Pessi အစရှိတဲ့အရာတွေကလဲ နိုင်ငံခြားထုတ်ကုန်ပစ္စည်းတွေပါပဲ။

ကျွန်တော်တို့လက်ထဲကမချနိုင်ပဲ အမြဲတကြည့်ကြည့် ဖြစ်နေတဲ့ စမတ်ဖုန်းများဟာလဲ နိုင်ငံခြားထုတ်ကုန်တစ်ခုပါပဲ။ ကျွန်တော်တို့သာ နိုင်ငံခြားထုတ်ကုန်များကို မသုံးစွဲတော့ ဘူးရပ်လိုက်မယ်ဆိုရင် ဘာကိုမှမသုံးစွဲရုံပဲ ရှိပါတော့မယ်။

ဘာကြောင့် နိုင်ငံခြားထုတ်ကုန်တွေကိုပဲအားပြုပြီးသုံးစွဲနေရတာလဲ?

 အသုံးပြုဖို့ ပိုမိုလွယ်ကူအဆင်ပြေတယ်၊ကိုယ့်နိုင်ငံမှာ အရည်အသွေးပြည့်မှီတဲ့ ကုန်ပစ္စည်းတွေမထုတ်လုပ်နိုင်သေးတာရယ် ဒီအချက်တွေကြောင့် ကျွန်တော်တို့ဟာ ပြည်ပထုတ်ကုန်တွေကို အမှီပြုသုံးစွဲနေရတာပါ။

လူမှန်ရင်အကောင်းကြိုက်ကြတာ အမှန်တရားပါပဲ။ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ တရုတ်ပြည်လို ကုန်ပစ္စည်းထုတ်လုပ်မှုအားကောင်းတဲ့ နိုင်ငံကြီးမှာတောင် ဒီပြဿနာက ကြုံတွေ့နေရတုန်းပါပဲ။ ကိုယ့် နိုင်ငံထုတ်ပစ္စည်းတွေပဲ သုံးတဲ့အခါမှာ နိုင်ငံ ရဲ့ ဘဏ္ဍာရေး ကျဆင်းမှုကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ တရုတ်နိုင်ငံမှာ ရှိတဲ့ လူငယ်တစ်စုဟာ တစ်နေ့တာ နိုင်ငံခြားထုတ်ပစ္စည်းများကို မသုံးစွဲပဲနေကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင်လဲ မနေနိုင်ခဲ့ကြပါဘူး။

ဒီနေရာမှာတော့ဂျပန်လူမျိုးတွေကတော့ လေးစားအတုယူစရာပါပဲ။ ဂျပန်လူမျိုးတွေဟာ သူတို့ နိုင်ငံကထုတ်ကုန်ပစ္စည်းများကိုသာ အားထားပြီး အသုံးပြုကြပါတယ်။ ဒါကလဲ သူတို့ နိုင်ငံကထုတ်ကုန်ပစ္စည်းများက အရည်အသွေးပြည့်မှီပြီး သုံးရတာလွယ်ကူ အဆင်ပြေတာကတစ်ကြောင်း၊ ပညာရှင်များကလဲ သုံးစွဲသူပြည်သူများကို ဂျင်းမထည့် ပဲ စေတနာထားပြီး အရည်အသွေးပြည့်မှီတဲ့ ပစ္စည်းများကို ထုတ်လုပ်ပေးနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။



Follow us on