1. Home
  2. Special or Others

တရုပ်နိုင်ငံ ကောင်းကင်မှာတွေ့ရှိခဲ့တဲ့ ထူးဆန်းသော ယာဉ်ပျံကြီး(ရုပ်သံ)

Special or Others ต.ค. 15, 2561 view 1,659
အောက်တိုဘာလ ၁၁ ရက်နေ့ ညပိုင်းက တရုပ်နိုင်ငံ ဘေကျင်းမြို့၊ မွန်ဂိုလီးယား အတွင်းပိုင်းဒေသနှင့် ရှန်းဇီပြည်နယ်တို့မှ ထူးဆန်းသော အလင်းတန်းများ ဖြာထွက်နေသည့် ယာဉ်ပျံကြီးတစ်စင်းကို တွေ့မြင်ခဲ့ကြရပြီး အဆိုပါ ရုပ်သံဗီဒီယိုများ အွန်လိုင်းပေါ်တွင် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။
 
 
တရုပ်လူမှုကွန်ယက် ဝီဘိုတွင် “ဂြိုလ်သားတွေလာနေကြပြီ” ဟု ရေးသားကာ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ UFO ကျွမ်းကျင်သူ ပညာရှင်များကတော့ ဒါဟာ ဒုံးပျံတစ်စင်းရဲ့ ဖင်ပိုင်းက ဂစ်အလင်းရောင်ဖြာထွက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
 
 
 
အဆိုပါဒုံးပျံမှာ ယူအကစ်နဲ့ ရှရှားအာကာသယာဉ်မှူးများကို အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ တင်ဆောင်သွားသည့် Soyuz ဒုံးပျံမဟုတ်ကြောင်း ရှင်းလင်းထားသည်။ တရုပ်နိုင်ငံကောင်းကင်တွင် ည ၇ နာရီအချိန်ခန့်က တွေ့ရှိရသော အလင်းတန်းများမှာ တရုပ်စစ်တပ်ပိုင် ယာဉ်ပျံလား.. ဒုံးပျံလား ဆိုတာကိုတော့ ဝေခွဲမရသေးပါဘူး။
 


Follow us on