1. Home
  2. Football

ဂျူဗင်တပ်အသင်းတွင်းကစားချင်ကြောင်း လူကာကူ ဖွင့်ဟ

Football ต.ค. 15, 2561 view 1,540

.ယူနိုက်တတ်ကစားသမား လူကာကူက မိမိ အနေဖြင့် ဂျူဗင်တပ်အသင်းတွင် ကစားချင်ကြောင်း ဖွင့်ဟပြောဆိုလာပြီး ဂျူဗင်တပ် အသင်းက စီဒီအေမှာ ထိပ်သီးကလပ်အသင်းဖြစ်သလို့ စီမံကိန်းတွေကလည်း အရမ်းကောင်းမွန်ကြောင်း ပြောကြားခဲ့ပါတယ်။ ဘယ်ဂျီယံ တိုက်စစ်ကစားသမား လူကာကူ ဟာ ယူနိုက်တတ်အသင်းအတွက် ဒီရာသီ ၁၁ ပွဲကစားထားပြီး  ၄ ဂိုးသွင်းထားနိုင်ပြီး နိုင်ငံအသင်းအတွက် ဂိုးပေါင်း ၄၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

လူကာကူဟာ အဲဗာတန် အသင်းမှ ပြောင်းရွေလာပြီး .ယူနိုက်တတ်အသင်းနှင့် ၅ နှစ်စာချုပ်ထားနိုင်ခဲ့ပြီး ၂၀၂၂ အထိ အိုလ်ထရက်ဖိုစ် မှာရှိနေမှာဖြစ်ပါတယ်။

လူကာကူက Gazzetta dello Sport အင်တာဗျူးမှာ “ တစ်ချိန်မှာ အီတလီကလပ်မှာ ကစားဖို့မျော်လင့်ထားပြီး ဒါတွေဟာ မဖြစ်နိုင်စရာမရှိပါဘူး ” လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တတ်အသင်းဟာ နောက်အပါတ်မှာ ချန်ပီယံလိဂ်ပွဲစဉ် အဖြစ် တူရင်မှာ ဂျူဗင်တပ် အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဒီအပါတ် စနေမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ချလ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပါတယ်။

 



Follow us on