1. Home
  2. Special or Others

အရပ်ရှည်ဖို့အတွက် ဘယ်နည်းလမ်းတွေက အထောက်အကူပြုမလဲ

Special or Others ต.ค. 16, 2561 view 1,878
အရွယ်ရောက်ပြီးနောက်ပိုင်းမှာ ကြီးထွားဖွံ့ဖြိုးမှု ရပ်တန့်သွားတယ်ဆိုတာကို အားလုံးသိထားပြီးဖြစ်မှာပါ။ တကယ်တော့ ကျွန်တော်တို့ အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်အရွယ်အစားက ကျုံ့ဝင်သွားလေ့ရှိပါတယ်။ ဒီလိုဖြစ်ရတာဟာ ကျောရိုးဆစ်တစ်ခုနဲ့တစ်ခုကြားခံချပ်ပြားလေးတွေရဲ့ ထုထည်လျော့ပါးသွားတာကြောင့်ဖြစ်ပြီး အရပ်အမောင်းနိမ့်လာတာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောထားပါတယ်။ ဒါ့အပြင်အခုခေတ်မှာ ကွန်ပျူတာတွေ၊ စမတ်ဖုန်းတွေအလွန်အကျွံအသုံးပြုနေကြတာကြောင့် ပုခုံးနဲ့ ဦးခေါင်းအနေအထားပုံစံပျက်ယွင်းမှုတွေ ကြောင့်လည်း အရပ်နိမ့်သွားစေနိုင်ပါတယ်။ ဒါပေမယ့် သတင်းကောင်းအနေနဲ့ သင့်ရဲ့မှားယွင်းနေတဲ့ ကိုယ်နေဟန်အနေအထားကို ပြင်ဆင်လိုက်ရုံနဲ့ အရပ်အမြင့်ကို ထိန်းသိမ်းနိုင်ပါတယ်။
 
အရပ်မြင့်ရှည်အောင်လုပ်ဖို့အတွက် အချက် ၅ ချက် ကိုပြောပြချင်ပါတယ်။

 ၁။ ဖိနပ်မြင့်မြင့် စီးပါ။
 
အရပ်မြင့်မြင့် ဖြစ်ချင်ရင် ဖိနပ်မြင့်မြင့် စီးပါ ။ အနည်းဆုံးတော့ ကျွန်တော်တို့ Lifestyle ပြောင်းသွားစေတာတယ်။မိမိ ကိုယ်ကို ယုံကြည်မှုရှိလာတာတော့အမှန်ပဲ။
 
၂။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း
 
အရပ်ရှည်ချင်ရင်တော့ လေ့ကျင့်ခန်းတော့ လုပ်ရမှာလေ ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးသင့်ပါတယ်။ ဘားဆွဲတာမျိုး ၊ ဘယ်ရီ ရိုက်တာမျိုး က အရပ်ထွက်လာစေနိုင်ပါတယ်။
 
၃။ အရိုးများကို တောင့်တင်းခိုင်မာနေပါစေ
 
လေ့ကျင့်ခန်းသာပုံမှန်လုပ်ရင် ကျွန်တော်တို့ အရိုးတွေဟာ ခိုင်မာစေမှာပါပဲ ။ အထူးသဖြင့် ခန္ဒာကိုယ်အတွက် အားအင်ဖြစ်စေတဲ့ အစားအသောက် မျိုးကိုစားပေးသင့်ပါတယ်။ အသား ၊ ဥ ၊ ကယ်ဆီယံဓါတ် အများဆုံးပါတဲ့ အစားအစားတွေကို စားသုံးရပါမယ်။
 
၄။ ယောဂလေ့ကျင့်ပါ။
 
ယောဂ လုပ်တာကလည်း စိတ်ကို တည်ငြိမ်စေယုံမက အရပ်ထွက်လာစေဖို့ အတွက် အကျိုးသက်ရောက်မှုရှိပါတယ်။
 
၅။ စက်များအသုံးပြုပြီး ဆွဲဆန့်ခြင်း
 
အခုခေတ်မှာ အရပ်ရှည်ချင်ရင် အများကြီးစဉ်းစားနေစရာတော့ မလိုတော့ပါဘူး ။ ခေတ်မှီစက်ကိရိယာတွေပေါများလာပြီး အရပ်ထွက်ဖို့အတွက်သီသန့် လုပ်ထားတဲ့ စက်ပစ        ္စည်းတွေကို အသုံးပြုပြီး မိမိအရပ်ကို ရှည်အောင်လုပ်နိုင်ပါတယ်။

 

 



Follow us on