1. Home
  2. Special or Others

BigBang “MADE” E series ထွက်ရှိ

Special or Others ส.ค. 05, 2558 view 1,798

YG Entertainment မှ BigBang အဖွဲ့က 5th August 2015 မှာ “MADE” E series အား သီချင်းသစ်နှစ်ပုဒ်ဖြင့် မိတ်ဆက်ပေးခဲ့ပါတယ်။ တစ်ပုဒ်ကတော့ BigBang တစ်ဖွဲ့လုံးသီဆိုထားတဲ့ Let’s not fall in love ဖြစ်ပြီး နောက်တစ်ပုဒ်ကတော့ BigBang ရဲ့ Rapper နှစ်ယောက်ဖြစ်တဲ့ G-Dragon နဲ့ TOP တို့နှစ်ယောက်တည်း တွဲဆိုထားတဲ့ Zutter ဖြစ်ပါတယ်။

Let’s not fall in love MV မှာတော့ BigBang အဖွဲ့သားအားလုံးရဲ့ ယောင်္ကျားပီသတဲ့ပုံတွေနဲ့အတူ ချစ်စဖွယ် သရုပ်ဆောင်မှုတွေကိုပါတွေ့မြင်ရမှာပါ။ သီချင်းစာသားကတော့ “ငါတို့တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိသေးလို့ မချစ်ပါရစေနဲ့အုံး။ မနက်ဖြန်မှာဘာဖြစ်မယ်ဆိုတာမသိနိုင်လို့ ကတိက၀တ်တွေ မပြုပါရစေနဲ့အုံး။ ဒါပေမဲ့လည်း မင်းကိုသဘောကျတာကတော့ စိတ်ရင်းအမှန်ပါ။” ဆိုပြီး အစပြုကာ ယောင်္ကျားလေးနဲ့မိန်းကလေးကြားက သဘောကျပေမဲ့ မချစ်ရဲသေးတဲ့ စိတ်ခံစားမှုကို ဖွဲ့ဆိုထားတာဖြစ်ပါတယ်။

Zutter မှာတော့ GD နဲ့ TOP တို့ရဲ့ အမိုက်စား Rapping များနဲ့စာသားများကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ Music Video မှာလည်း သူတို့နှစ်ယောက်အတူ ထိုးကြိတ်ခံထားရပြီး ထိုင်ခုံမှာကြိုးချည်ကာဖမ်းခံထားရတဲ့ပုံနဲ့ ဇာတ်လမ်းလေးကိုအစပြုထားပါတယ်။

Music Chart တွေအကြောင်းပြောရမယ်ဆိုရင်တော့ BigBang ဆိုတဲ့အတိုင်း ALL-KILL ဖြစ်ပါတယ်။ ကိုးရီးယားနိုင်ငံအတွင် Music Chart တွေမှာသာမက နိုင်ငံတကာ Music Chart တွေမှာလည်း သီချင်းထုတ်လွှင့်ပြီး မကြာခင်မှာပဲ နံပါတ်တစ်နေရာကို ရရှိခဲ့ပါတယ်။ BigBang သီချင်းတွေကို Online ကနေ၀ယ်ယူချင်တယ်ဆိုရင်တော့ http://www.qikplay.com/.../fnc/detail/id/1012020005793 မှာ ၀ယ်ယူနိုင်ပါတယ်။ 



Follow us on