1. Home
  2. Special or Others

အဆုံးစီရင်ရန် ရထားသံလမ်းပေါ် လှဲအိပ်နေသူအား လက်မတင်လေးကယ်ဆယ် (ရုပ်သံ)

Special or Others ต.ค. 17, 2561 view 1,518
လွန်ခဲ့သည့် တစ်ပတ်က တရုပ်နိုင်ငံ ဟူဘီပြည်နယ် ရန်ကျင်းမြို့ရှိ ရထားဘူတာရုံတွင် စိတ်ဓါတ်အကြီးအကျယ်ကျကာ ကိုယ့်ကိုယ်ကို သတ်သေရန် ဆုံးဖြတ်ခဲ့ပြီး ရထားသံလမ်းပေါ်တွင် လှဲချခဲ့သော အမျိုးသားတစ်ဦးကို ရဲ ၃ ဦးက လက်မတင်လေး အချိန်မီကယ်ဆယ်ခဲ့ရသော ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
 
“ကျူ” ဟု အမည်ရသော အမျိုးသားဟာ အမျိုးမျိုးသော အဆင်မပြေမှုများနဲ့ စိတ်ဓါတ်ကျနေချိန် ရထားစီးရန် ဘူတာကို အရောက်တွင် မထူးဘူး သေတာပဲကောင်းတယ်ဟု ကောက်ကာငင်ကာ ရုတ်တရက်ဆုံးဖြတ်ချက်ချခဲ့ပြီး ပလက်ဖောင်းပေါ်မှ ရထားလမ်းပေါ်သို့ ဆင်းပြီး လှဲအိပ်နေခဲ့ခြင်းဖြစ်သည်။
 
ထိုအချိန်တွင် အဆိုပါဘူတာသို့ ကုန်ရထားကြီး ဖြတ်သန်းရန် ၃ မိနစ်သာ လိုတော့သည့်အချိန်လည်း ဖြစ်သည်။ ဘူတာမှ တာဝန်ကျ ရဲ ၃ ဦးက တွေ့ရှိပြီး ရထားလမ်းပေါ် ချက်ချင်းဝိုင်းဆွဲတင်ခဲ့ကြရသည်။
ဘူတာပလေက်ဖောင်ပေါ် အရောက် ကုန်ရထားကြီးမှာလည်း ဖြတ်သန်းသွားသည့်အတွက် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ 
 
အဲဒီနောက် “ကျူ” က သူ့ရဲ့အမှားအတွက် ဝန်ချတောင်းပန်ခဲ့ပြီး ရဲများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ သေကြောင်းကြံစည်ခဲ့မှုကြောင့် အရေးယူခံရခြင်း ရှိ၊ မရှိကိုတော့ မသိရှိရပါ။
 
 


Follow us on