1. Home
  2. Movie Stars - Celebrity

မိုးစက်ဝိုင်နဲ့အတူ ပရဟိတအလုပ်တွေ လုပ်ဖြစ်နေတဲ့မျိုးကိုကိုစန်း

Movie Stars - Celebrity ต.ค. 17, 2561 view 1,614

Miss Universe Myanmar အလှမယ် မိုးစက်ဝိုင်နဲ့  Miss International  Queen မျိုးကိုကိုစန်း တို့ဟာပရဟိတ လုပ်ငန်းများကို အတူတကွပူးပေါင်း လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

 

သူမတို့နှစ်ယောက်ဟာ ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ Myanmar Heart Charity Group နဲ့အတူ အရိုးအဆစ် ကုသဆောင်မှ လူနာများအတွက် ပိုးသတ်အိပ်ရာခင်းများ နှင့်ခေါင်းအုံးစွပ်များကို သွားရောက်လှူဒန်းခဲ့ကြ ပါတယ်။

 

အိပ်ရာခင်းများကို ကိုယ်တိုင်ခင်းပေးခဲ့ကြပြီး လူနာများလက်ထဲသို့ ကိုယ်တိုင် အစားအသောက်များ ပေးအပ်လှူဒန်းခဲ့ကြပါတယ်။ လှူဒန်းခဲ့ကြတဲ့ အစားအသောက် များမှာ ဆိတ်သားပတ်ခ်၊ ပဲပေါက်စီ နှင့် ကွေကာအုပ်တို့ပါဝင်ပါတယ်။

 

လက်တလောကာလမှာတော့ ရန်ကုန်တိုင်းဒေသကြီး ဆေးရုံကြီးမှာ သက်ကြီးရွယ်အို လူနာများ အများဆုံးရှိနေတယ်လို့ သိရပါတယ်။ မိုးစက်ဝိုင်နှင့်အတူ သွားရောက်ပါဝင် လှူဒန်းသူ မျိုးကိုကိုစန်းကလဲ သက်ကြီးရွယ်အို အဖိုးအဖွားတွေ ဒီလို နေမကောင်း ဖြစ်နေတာကို မြင်ရတာစိတ်မကောင်းဖြစ်မိတယ်လို့ ဆိုထားပါတယ်။ ပြီးတော့ သူမအနေနဲ့ဒီလို လာရောက်လှူဒန်းရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ်လို့လဲ ဆိုထားပါတယ်။ ပြီးတော့ သူမဟာ ဆေးရုံမှာ ဒီလို ကိုယ်တိုင်လာရောက်လှူဒန်းခြင်းဟာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ ဆိုထားပါတယ်။

မော်ဒယ် မိုးစက်ဝိုင်အနေနဲ့ လည်း သူမအနေနဲ့ ဆေးရုံတက်ခဲ့ရတဲ့ အတွေ့အကြုံကို ကြုံတွေ့ခဲ့ဖူးတဲ့အတွက် လူနာများကို ကိုယ်ချင်းစာနားလည်တယ်လို့ဆိုထားပါတယ်။

ဆေးရုံတက်တဲ့ လူနာများဟာ ကိုယ်ကျန်းမာဖို့အတွက် အရင်ဆုံးစိတ်ကြည်လင် သန့်ရှင်းဖို့ လိုပါတယ်။ စိတ်ကြည်လင်သန့်ရှင်းပြီး လန်းဆန်းနေမှသာ ကိုယ်ကျန်းမာဖို့ ဖြစ်နိုင်ပါမယ် ။ ဒါကြောင့်မို့ သူမအနေနဲ့ လူမမာများ စိတ်ကြည်လင်စေရန် အတွက် ပိုးမွှားတွေမတွယ်ကပ်တဲ့ ပိုးသတ်ထားတဲ့ အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်များကို ယိုးဒယားမှ မှာယူကာ သွားရောက်လှူဒန်းခဲ့ပါတယ်။

မွေးနေ့ပဲဖြစ်ဖြစ်၊ ကုသိုလ်လုပ်ချင်လို့ပဲဖြစ်ဖြစ် ရန်ကုန်ဆေးရုံကြီးကို သတိရပါ။ တစ်ခုခုလှူမယ်လို့ သတိရရင် ရန်ကုန်တိုင်းဆေးရုံကြီးနဲ့ တခြားဆေးရုံကြီးတွေမှာလဲ လှူလို့ရပါတယ်။ ဖိတ်ခေါ်အပ်ပါတယ်လို့ မိုးစက်ဝိုင်ကပြောကြားထားပါတယ်။

 



Follow us on