အချစ်ဦးဆိုတာ မေ့ဖျောက်လို့မရစကောင်းပါ။ အသစ်တွေ ဘယ်လောက်တွဲတွဲ အချစ်ဦးဆိုတဲ့ နေရာကတော့ အနက်ရှိုင်းဆုံး အသည်းရဲ့ထောင့်တစ်နေရာလေးမှာ အမြဲတမ်းအပိုင်စား ရရှိနေတတ်တာမျိုးပါ။
ဆယ်လီနာ ဟာ သွေးဖြူဥတွေ ဆုတ်ယုတ်လာနေတဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်နေရတဲ့အပေါ် ဂျက်စတင်ဘီဘာ စိုးရိမ်စိတ်နဲ့ ဝမ်းနည်းကြေကွဲနေပါတယ်။
ဆယ်လီနာ နဲ့ လမ်းခွဲပြတ်စဲခဲ့တဲ့ ဂျက်စတင်ဘီဘာ တစ်ယောက် ချစ်သူအသစ်ဖြစ်တဲ့ “ဟေလီဘလတ်ဝင်း နဲ့ အတွဲခုတ်နေခဲ့ပြီး လက်ထပ်ဖို့အထိတောင် ရည်မှန်းထားခဲ့ပေမယ့် လက်ရှိ ဆယ်လီနာ ရဲ့ ကျန်းမာရေးအခြေအနေကြောင့် စိတ်ထိခိုက်နေရပါတယ်။
ဂျက်စတင်ဘီဘာ ဟေလီဘလတ်ဝင်း
ဟေလီဘလတ်ဝင်း” က ဂျပ်စတင်ဘီဘာ ကို လိုလေးသေးမရှိဂရုစိုက်ပြီး ပျော်ရွှင်အောင် ထားပေမယ့် အခုလို ဂျက်စတင်ဘီဘာ ရဲ့ ကြေကွဲဝမ်းနည်းမှုတွေကိုတော့ ပြေပျောက်အောင် လုပ်မပေးနိုင်ခဲ့ပါဘူး။
ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာ ဆိုသလိုပဲ ဂျပ်စတင်ဘီဘာ နဲ့ ဆယ်လီနာဂိုမတ်စ် တို့ဟာ ဆယ်ကျော်သက် အရွယ်လောက်မှာ တွေ့ဆုံအရူးမူးချစ်ကြိုက်ခဲ့ကြပြီး ကမ္ဘာအနှံ့လျှောက်လည်ခဲ့ကြဖူးတဲ့ ချစ်သူတွေ ဖြစ်တာကြောင့် အကြောင်းကြောင်းကြောင့် လမ်းခွဲပြတ်စဲသွားကြသည့်တိုင် သံယောဇဉ်တွေ အမှတ်တရတွေကတော့ ပျောက်ပျက်နိုင်မှာ မဟုတ်ပါဘူး။
ဆယ်လီနာဂိုမတ်စ် အသက် ၂၆ နှစ်ဟာ သွေးဖြူဥတွေ ဆုံးရှုံးလျော့နည်းလာတဲ့ အထိတ်တလန့် အခြေအနေနဲ့ ဆေးရုံပေါ်မှာ ရင်ဆိုင်နေရပါတယ်။ ဆယ်လီနာ ဟာ မနှစ်က ကျောက်ကပ်အစားထိုး ခွဲစိတ်မှုခဲ့ယူသူပါ။ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ဆေးရုံနှစ်ကြိမ် တက်ခဲ့ရပြီး သွေးဖြူဉတွေ တစ်ဖြည်းဖြည်း ဆုံးရှုံးလာနေတာကို သိခဲ့ရပါတယ်။
ဂျက်စတင်ဘီဘာ” ဟာ လွန်ခဲ့တဲ့အပတ်က သူ့ရဲ့ကားထဲမှာ ဟေလီ နဲ့ အတူလျှောက်လည်စဉ် စိတ်ထိခိုက်ပြီး ငိုးကြွေးခဲ့တယ်လို့ သိရပါတယ် ဒါပေမယ့် ဆယ်လီနာ ကြောင့်မဟုတ်ဘူးလို့လည်း ငြင်းဆန်ခဲ့ပါတယ်။
ဆယ်လီနာ ကို သူမရဲ့အသိုင်းအဝိုင်းက လော့စ်အိန်းဂျလိစ်မှာရှိတဲ့ Cedars-Sinai ဆေးရုံမှာ တင်ထားခဲ့ပါတယ်။ ဆေးရုံတက်ပြီး သိပ်မကြာခင်မှာပဲ ဆယ်လီနာ က သူမရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ သူမဟာ စိတ်ဓါတ်တွေလည်း ကျဆင်းစပြုလာနေပါတယ်။
လူမှုကွန်ယက်ပေါ်ကနေ ခတ္တအနားယူပရစေလို့ ပရိသတ်တွေကို အင်စတာဂရမ်ပေါ်ကနေပဲ အသိပေးထားပါတယ်။