1. Home
  2. Movie Stars - Celebrity

ချစ်သူနဲ့ စေ့စပ်လိုက်တဲ့ လေဒီဂါဂါ

Movie Stars - Celebrity ต.ค. 17, 2561 view 1,716

ကမ္ဘာကျော်အဆိုတော် “လေဒီဂါဂါ” တစ်ယောက် သူမရဲ့ချစ်သူ “ခရစ္စတီယန် ကာရီနို” နဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ပြောကြားလိုက်ပါတယ်။ သူတို့နှစ်ဦး စေ့စပ်ထားတယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပြီး တစ်နှစ်ဝန်းကျင်အကြာမှာ “လေဒီဂါဂါ” က အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် “လေဒီဂါဂါ” နဲ့ စေ့စပ်လိုက်တဲ့ “ခရစ္စတီယန် ကာရီနို” က နာမည်ကျော် စတားတွေဖြစ်ကြတဲ့ မိုင်လေဆိုင်းရပ်စ်၊ ဂျပ်စတင်ဘီဘာ၊ ဆိုင်မွန်ကောင်ဝဲလ် အစရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကိစ္စတွေကို ကိုင်တွယ်စီစဉ်ပေးတဲ့ CAA (Creative Artists Agency) အေးဂျင့်တစ်ဦးဖြစ်ပြီး အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၁၀၇ ခုနှစ် နိုဝင်ဘာလ လောက်ထဲက ရည်ငံနေခဲ့ကြပြီး တစ်နှစ်ဝန်းကျင်အကြာ ၂၀၁၈ အောက်တိုဘာ ၁၅ ရက်နေ့ညမှာ Elle မဂ္ဂဇင်းက ကြီးမှူးပြီး ဘယ်ဘလီဟေးလ်းမှာ ကျင်းပတဲ့ ဟောလိဝုဒ်အမျိုးသမီးဆု ရွေးချယ်ပွဲမှာ သူတို့နှစ်ဦးစေ့စပ်ထားကြောင်းကို လေဒီဂါဂါ က ပျော်ပျော်ရွှင်ရွှင်နဲ့ အတည်ပြုပြောကြားခဲ့ပါတယ်။

“လေဒီဂါဂါ” ဟာ မင်းသားတစ်ယောက်ဖြစ်တဲ့ “တေလာကင်နီ” နဲ့လည်း စေ့စပ်ခဲ့ဖူးပြီး ၂၀၁၆ လောက်မှာ အဆုံးသတ်သွားခဲ့ပါတယ်။ “ခရစ္စတီယန်” ဟာ သူမဖျော်ဖြေသီဆိုတဲ့ စင်အနောက်ဘက်မှာ အမြဲတမ်းရှိနေပြီး သီချင်းဆိုပြီး ဆင်းလာတိုင်း အဆင်ပြေရဲလားလို့ မေးကာ အသေးစိတ်ကအစ ဂရုစိုက်ကြင်နာတတ်သူဖြစ်ကြောင်း “လေဒီဂါဂါ” က ပြောဆိုခဲ့ပါတယ်။

အခြားသတင်းမီဒီယာတွေကလည်း ဒီစုံတွဲဟာ ဘယ်လိုမှ ခွဲခြားလို့ မရအောင် ဘယ်နေရာကိုသွားသွား တတွဲတွဲမခွဲ အမြဲရှိနေတတ်တဲ့ စုံတွဲလို့ ရေးသားဖော်ပြခဲ့ကြပါတယ်။

ဟောလိဝုဒ်အမျိုးသမီးဆု ရွေးချယ်ပွဲမှာ “လေဒီဂါဂါ” က ပန်းရောင်သန်းနေတဲ့ စိန်လက်စွပ်ကြီးကို ဝတ်ဆင်ပြီး ပွဲတက်လာခဲ့ပါတယ်။



Follow us on