1. Home
  2. Special or Others

ဖုန်းပွတ်နေတဲ့ မိခင်ကြောင့် ရထားအောက် ရောက်သွားတဲ့ သမီးငယ် (ရုပ်သံ)

Special or Others ต.ค. 18, 2561 view 1,939

မိခင်တစ်ဦးဟာ ကလေးကို ဂရုမစိုက်ပဲ ဖုန်းကိုပဲ အာရုံစိုက်ပြီး ပွတ်နေခဲ့တာကြောင့် သူမရဲ့ သမီးငယ်လေးဟာ ရထားဘူတာ စင်္ကြန်နဲ့ ရထားကြားက အပေါက်ထဲကနေတစ်ဆင့် ရထားအောက်ထဲ ပြုတ်ကျသွားခဲ့တဲ့ ဖြစ်ရပ်တစ်ခု အောက်တိုဘာ ၁၆ ရက်နေ့က တရုပ်နိုင်ငံ ဘေဂျင်းမြို့ ရထားဘူတာရုံမှာ ဖြစ်ပွားခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ဆောက်တည်ရာမရငိုယိုနေတဲ့ မိခင်ဟာ ရထားအောက်ထဲကို ကုန်းပြီး သမီးဖြစ်သူကို ရှာဖွေခဲ့ပါတယ်။ ကလေးကလည်း ရထားအောက်ထဲမှာ ကြောက်ရွံပြီး မိခင်ကို ပြန်အော်ခေါ်နေခဲ့ပါတယ်၊ ရထားနဲ့ ပလက်ဖောင်းကြားထဲကို လက်နှိုက်ပြီး သမီးကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မလွယ်ကူခဲ့ပါဘူး။

ခဏအကြာမှာ အားလုံးက ဝိုင်းဝန်းကူညီခဲ့တဲ့အတွက် ကလေးကို ရထားစင်္ကြန်ပေါ် ရောက်အောင် ပြန်ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိသလို ခရီးစဉ်နှောင့်နှေးကြန့်ကြာမှုလည်း မဖြစ်ခဲ့ဘူးလို့ သိရှိရပါတယ်။

ယင်းကဲသို့ အလားတူဖြစ်စဉ်အချို့ရှိခဲ့ဖူးပြီး ရထားတိုက်ခံရလို့ သေဆုံးခဲ့တဲ့ ကလေးအချို့လည်း ရှိနေခဲ့ပါတယ်။ မနှစ်ကလည်း မိခင်တစ်ယောက်က ရထားပေါ်က ဆင်းလာပြီး ဖုန်းကိုပဲ အာရုံစိုက်နေစဉ် သူ့ကလေးကို သတိရလို့ နောက်ပြန်ကြည့်တဲ့အခါ ရထားကထွက်သွားပြီး ကလေးက ရထားပေါ်ပါသွားတဲ့ အဖြစ်ကြုံခဲ့ရပါတယ်။



Follow us on