1. Home
  2. Movie Stars - Celebrity

ဝါကျွတ်နေပြီဖြစ်သော်လည်း ဒီတိုင်းတစ်ကိုယ်ရည်ကျန်ရှိ နေသေးတဲ့အပျိုကြီးမမများ

Movie Stars - Celebrity ต.ค. 19, 2561 view 1,713

အရည်အသွေးပြည့်မှီတဲ့ ဝိုင်တစ်ခွက်ဆိုတာ နှစ်ချို့လေ သောက်လို့ကောင်းလေ မဟုတ်ပါလား။

အပျိုကြီးတွေ ဆိုတာလဲအဲ့လိုပါပဲ ရှေးဟောင်းပစ္စည်းတွေလိုမျိုးတန်ဖိုးရှိလှပါတယ်။

အပျိုကြီးဆိုတာမျိုးက ဘယ်လောက်ပဲ ဒုက္ခတွေ၊အခက်အခဲတွေကို ကြုံ တွေ့နေရပါစေတစ်ယောက်ထဲရင်ဆိုင်ဖြေရှင်းရင်း မိမိဘဝကိုအခိုင်အမာ တည်ဆောက် ထားနိုင်တဲ့လူမျိုးကို အပျိုကြီးလို့ ဖွင့်ဆိုပါရစေ။

အပျိုကြီး ဋီကာဖွင့်လို့ပြီးပြီဆိုတော့ ဒီနှစ်သီတင်းကျွတ်မှာလဲ မကျွတ်သေး တဲ့အပျိုကြီးတွေကဘယ်သူတွေလဲဆိုတာ မသိချင်ကြဘူးလား။

၅။ သင်ဇာဝင့်ကျော်

ဘော်ဒီလှလှ အထာကျကျနဲ့ မမလှလှ သင်ဇာဝင့်ကျော်ကလဲ ဒီနှစ် ၂၀၁၈ မှာအပျိုကြီးစာရင်းဝင်နေပြီဖြစ်ပါတယ်။ သင်ဇာကတော့ အမြဲတမ်းလန်းနေပြီး လက်ရှိမှာ RS မရှိသေးတဲ့ လူတစ်ယောက်အဖြစ် လွတ်လွတ်လပ်လပ် free style ပါပဲနော်။

၎။ အေးမြတ်သူ

အပျိုကြီး ဖြစ်ရတာ ဂုဏ်ယူတယ်လို့ပြောထားတဲ့ မအေးမြတ်သူကိုလဲ ဒီနှစ်အတွင်းမှာ အပျိုကြီးအနေနဲ့ ဆက်လက်မြင်တွေ့သွားရဦးမှာပါ။ အပျိုကြီးတွေဆိုတာ ရှေးဟောင်း ပစ္စည်းတစ်ခုလိုပဲ တန်ဖိုးရှိပါတယ်လို့သူမက ခံယူထားပါတယ်တဲ့နော်။

၃။ ခင်လေးနွယ်

မိုးကုတ်သူ လီဆူးမမ ခင်လေးနွယ်ကလဲအပျိုကြီးစာရင်း ဝင်နေပါပြီနော်။ သူမကတော့ သူငယ်ချင်းဖြစ်တဲ့ မသက်မွန်နဲ့ အတွဲများပြီးတော့ လက်ရှိမှာ RS မရှိသေးပါဘူး။ မသက်မွန်တို့လို မိသားစုဘဝလေးကိုအားမကျဘူးလားဆိုတော့ သူမက လွတ်လွတ်လပ်လပ် နေရတာကိုပိုသဘောကျပါတယ်တဲ့။

၂။ မိုးစက်ဝိုင်

Miss Universe Myanmar အလှမယ် မိုးစက်ဝိုင်ဟာဆိုရင်လဲ ဒီနှစ်အတွင်းမှာ အပျိုကြီးစာရင်းဝင်နေပါပြီနော်။ သူမအနေနဲ့ကတော့ ပရဟိတ လုပ်ငန်းတွေကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်နေလျက်ရှိပါတယ်။ ရဲရင့် ထက်မြက်တဲ့ အသွင်သဏ္ဍန် ကိုပိုင်ဆိုင်ထားတဲ့ သူမက ဒီတစ်သက်အိမ်ထောင်ပြုမယ့် အစီအစဉ်ရှိမရှိမသိသေးပါ ဘူး။ သူမကိုယ်တိုင်က အများအကျိုးအတွက်ပဲ အမြဲစဉ်းစားနေတဲ့အတွက် Relationship တစ်ခုတည်ဆောက်ဖို့ အချိန်မရှိဘူးနဲ့တူပါတယ်နော်။

၁။ မအေးသောင်း

မအေးသောင်းကတော့ ပရိတ်သတ်ကြီးရဲ့ ချစ်လှစွာသော ဂန္ဓဝင် အပျိုကြီးပါပဲ။ ဝိုင်တစ်ခွက်ရဲ့ အရည်အသွေးဆိုတာမျိုးကလဲ နှစ်ချို့လေသောက်လို့ကောင်းလေ မဟုတ်ပါလား။ အပျိုကြီး မအေးသောင်းရဲ့ အလှဟာလဲ နှစ်ချို့နေတဲ့ ဝိုင်တစ်ခွက်လိုပါပဲနော် ရီဝေဝေနဲ့ ရစ်မူးစေတယ်မဟုတ်ပါလား။

မအေးသောင်းဟာလဲ ဒီ ၂၀၁၈ သီတင်းကျွတ်မှာ အပျိုကြီး အဖြစ်ပဲကျန်ရှိနေပါသေးတယ်နော်။



Follow us on