1. Home
  2. Movie Stars - Celebrity

Running Man ယူဂျယ်ဆော့ရဲ့ ဒုတိယရင်သွေးလေးဖွားမြင်

Movie Stars - Celebrity ต.ค. 19, 2561 view 2,049

Running Man အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ယူဂျယ်ဆော့ရဲ့ဇနီးဖြစ်သူ နာဂယောင်အွန်း ဟာ သူတို့ရဲ့ ဒုတိယမြောက်ရင်သွေးကို ယနေ့အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ခင်း အချိန်အခါမှာမွေးဖွားခဲ့ပါတယ်။

မွေးဖွားပြီးချင်းချင်းမှာပဲ ယူဂျယ်ဆော့ ရဲ့ အေဂျင်စီဖြစ်တဲ့ FNC Entertainment ကနေ သတင်းအတိအကျ ထုတ်ပြန်ခဲ့ပါတယ်။

မွေးဖွားခဲ့တဲ့ ကလေးလေးဟာသမီးလေးပဲဖြစ်ပါတယ်။ ကလေးရော အမေပါ ကျန်းကျန်းမာမာ ရှိတဲ့အကြောင်းကို  ယူဂျယ်ဆော့ ကသတင်းမီဒီယာနဲ့ သူ့ရဲ့ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေများကို အသိပေးကြေငြာခဲ့သည်။

သမီးလေးမွေးဖွားတဲ့အတွက် ယူဂျယ်ဆော့ဟာ အရမ်းကိုဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်တဲ့။  ယူဂျယ်ဆော့က အေဂျင်စီကနေ တစ်ဆင့် သူဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းကို အောက်ပါအတိုင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်အခုချိန်ကနေစပြီး အလုပ်ကိုဒီထက်ပိုကြိုးစားသွားမှာပါ။ TV နဲ့ Variety shows တွေမှာလဲ အကောင်းဆုံးကြိုးစားသွားပြီး လူအများအသိအမှတ်ပြုတဲ့ လူတစ်ယောက်ဖြစ်အောင် အကောင်းဆုံးကြိုးစားသွားပါမယ်” လို့ပြောကြား ထားပါတယ်။

ထိုသို့ပြောပြီး ယူဂျယ်ဆော့ဟာ သူ့မိန်းမနဲ့ ကလေး ကို အခုလိုကျန်းကျန်းမာမာ အဆင်ပြေချောမွေ့အောင် မွေးဖွားနိုင်အောင်ဆုမွန်ကောင်းတောင်းပေးတဲ့ မိတ်ဆွေတွေနဲ့ ပရိတ်သတ်တွေကို အထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောကြားထားပါတယ်။

ယူဂျယ်ဆော့နဲ့ သတင်းကြေငြာသူ နာဂယောင်အွန်းတို့ ဟာ ၂၀၀၈ ခုနှစ်မှာလက်ထပ် ထိမ်းမြားခဲ့ကြပြီး ၂၀၁၀ မှာတော့သူတို့ရဲ့ သားဦးကို မွေးဖွားခဲ့ပါတယ်။ သားလေးနာမည်ကတော့ ယူဂျီဟိုပဲဖြစ်ပါတယ်။



Follow us on