1. Home
  2. Special or Others

စားသောက်ဆိုင်ပိုင်ရှင်ဖြစ်တော့မယ့် ဂျောင်ဂျွန်ယောင်း

Special or Others ต.ค. 19, 2561 view 1,562

ရော့ခ် အဆိုတော် ဂျောင်ဂျွန်ယောင်းဟာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကိုးရီးယား စားသောက်ဆိုင်သွားရောက်ဖွင့်လှစ်ဖို့ရာ စီစဉ်နေခဲ့ပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့မှာ ဂျောင်ဂျွန်ယောင်းက သူ့ရဲ့ Instagram စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

“အချိန်အတော်ကြာပြင်ဆင်ပြီးတဲ့အခါမှာ ပဲရစ်မှာစတင်ဖွင့်လှစ်မယ့် ကျွန်တော့် စားသောက်ဆိုင်အသစ်အကြောင်းကို ကြေငြာပိုင်ခွင့်ရခဲ့ပါပြီ။” လို့ ရေးသားဖော်ပြ ထားပါတယ်။

စားသောက်ဆိုင်ကို ဖွင့်ဖို့ရာအတွက် ပြင်ဆင်နေခဲ့တာတစ်လတိတိရှိနေပြီဖြစ်ပြီး နောက်နှစ်ထဲမှာ စတင်ဖွင့်ဖြစ်သွားမယ်လို့သိရပါတယ်။

စားသောက်ဆိုင်ဖွင့်ဖို့ပြင်ဆင်ရတာ အချိန်အများကြီးယူလိုက်ရပေမဲ့ ပျော်ပါတယ် လို့ ဂျွန်ယောင်းက ပြောထားပါတယ်။

ဆိုင်ဖွင့်ဖို့စီစဉ်နေတာကိုတော့ ကျွန်တော် ဘယ်သူ့ကိုမှမပြောရသေးပေမဲ့ ကျွန်တော့် အနီးအနားမှာရှိတဲ့မိတ်ဆွေတွေကတော့ သိကြပါတယ်။ နောက်ကျရင်ဆိုင်ဖွင့်ရင် လာအားပေးကြပါဦး လို့ သူ့ရဲ့ instagram စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။

ဆိုင်နာမည်ကိုတော့ Maison de Coree လို့ နာမည်ပေးထားပြီး ဆိုရှယ်မီဒီယာစာမျက် နှာမှာ လဲ ဆိုင်ပုံနှင့်တကွ ဖော်ပြထားပါတယ်။ Maison de Coree ကတော့ ပြင်သစ်ဘာသာစကားဖြစ်ပြီး သူ့ရဲ့ အဓိပ္ပါယ်ကတော့ Korean House လို့အဓိပ္ပါယ်ရပါတယ်။

ဂျွန်ယောင်းက သူ့ရဲ့ ဆိုင်ဖွင့်ပွဲ မိတ်ဆက်ပွဲကို အောက်တိုဘာ ၂၉ ကနေ နိုဝင်ဘာ ၁၇ ရက်နေ့အထိ ကျင်းပသွားမယ်လို့သိရပါတယ်။ ထိုဖွင့်ပွဲကို ကိုးရီးယားနိုင်ငံရဲ့ star chef တစ်ဦးဖြစ်တဲ့ Jun Lee ကိုယ်တိုင် တက်ရောက်မယ်လို့သိရပါတယ်။

ဂျွန်ယောင်းဟာဆိုရင် တစ်သက်လုံးအဆိုတော်အလုပ်များနဲ့ အနုပညာအလုပ်များကို လုပ်ကိုင်ခဲ့တာဖြစ်ပြီး ယခုစားသောက်ဆိုင်ဟာ သူ့ရဲ့စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ ပထမဦးဆုံးခြေလှမ်းပဲဖြစ်ပါတယ်။ သူဟာအစတည်းက အစားအသောက်လုပ်ငန်းများကို ဝါသနာပါခဲ့ပြီး Cooking Blog တစ်ခုကိုတည်ထောင်ဖို့ စိတ်ကူးများလည်းရှိခဲ့ဖူးပါတယ်တဲ့။

အခုလက်ရှိမှာတော့ ဂျွန်ယောင်းဟာသူ့ရဲ့ စိတ်ကူးယဉ်အိမ်မက်ထဲကအတိုင်း စားသောက်ဆိုင်ပိုင်ရှင် သူဌေးတစ်ယောက်ဖြစ်လာပါပြီ။



Follow us on