ဆယ်ကျော်သက်အရွယ်ထဲက အောင်မြင်မှုတွေရခဲ့တဲ့ ကမ္ဘာကျော် ပေါ့ပ်အဆိုတော် “ဆယ်လီနာဂိုမတ်စ်” ဟာ စိတ်ဖိစီးမှုဝေဒနာများကြောင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေ တော်တော်လေး ဆိုးရွားခဲ့ပြီး စိတ်ကျန်းမာရေးဆေးရုံမှာ ကုသခံယူနေရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က သူမဟာ ဆေးရုံနှစ်ကြိမ်တက်ခဲ့ရပြီး သွေးဖြူဥများ ဆုံးရှုံးလာရတဲ့ ရောဂါဖြစ်နေတာကို သိခဲ့ရပါတယ်။
ဆယ်လီနာ ဟာ ကိုယ်ခံအားစနစ်ချို့ယွင်းပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို တိုက်ခိုက်ခံနေရတဲ့ ‘လူပတ်စ်’ လို့ အမည်ရတဲ့ ရောဂါရှိနေတာဖြစ်ပါတယ်။ ဒီလိုဝေဒနာရှင်တွေဟာ ဝေဒနာရဲ့ နာကျင်ဖိစီးမှုကြောင့် စိတ်ဓါတ်တွေကျလာမယ်၊ စိုးရိမ်သောကတွေ ကြီးလာတတ်တာဟာ လူပတ်စ် ရောဂါရဲ့လက္ခဏာရပ်တွေ ဖြစ်ကြောင်း ဆရာဝန်တွေက ပြောကြားခဲ့ပါတယ်။
သူမ ဒုတိယအကြိမ် ဆေးရုံတက်ခဲ့စဉ်က စိတ်ဓာတ်ကျမှုတွေနဲ့ စိုးရိမ်သောကဖြစ်မှုတွေက ကြောက်စရာကောင်းလောက်အောင် ဖြစ်ခဲ့တဲ့အတွက် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်က စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသမှုခံနေရပါတယ်။
အသက် ၂၆ နှစ်အရွယ်သာရှိသေးတဲ့ “ဆယ်လီနာဂိုမတ်စ်” ဟာ မနှစ်ကလည်း ကျောက်ကပ်အစားထိုးလဲလှယ်မှု ခံယူခဲ့ရသူပါ။ စက်တင်ဘာလ ၂၄ ရက်နေ့က သူမရဲ့ အင်စတာဂရမ်ပေါ်ကနေ လူမှုကွန်ယက်သုံးတာ ခဏနားဦးမယ်လို့ သူမရဲ့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
“ဆယ်လီနာဂိုမတ်စ်” ရဲ့ ချစ်သူဟောင်း “ဂျက်စတင်ဘီဘာ” ကလည်း သူမအတွက် စိုးရိမ်သောက ဖြစ်ပြီး မပျော်မရွှင် တစ်မှိုင်မှိုင်တတွေတွေ ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။
>> ဆယ်လီနာဂိုမတ် အတွက် အရမ်းကြေကွဲနေတဲ့ ဂျက်စတင်ဘီဘာ <<