1. Home
  2. Movie Stars - Celebrity

အလစ်ဝင်နမ်းတဲ့ မကွေးသားကို အဆိုတော် ပိုပို ဘယ်လိုတုန့်ပြန်လိုက်လဲ..?

Movie Stars - Celebrity ต.ค. 24, 2561 view 2,539

အဆိုတော် ပိုပို ဟာ အခုတစ်လောမှာ Masterpieces ဆိုတဲ့ အခွေထွက်ရှိထားပြီး တစ်နိုင်ငံလုံးရဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှု ကို တစ်ခဲနက် ရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ အချစ် ရေးမှာလည်း Single ဖြစ်တယ်လို့ သိရပါတယ်။ Masterpieces တစ်ကိုယ်တော် အခွေ ပရိုမိုရှင်း ကို ရန်ကုန် ၊ မန္တလေး ၊ မုံရွာ ၊ မကွေး အစရှိသည် နယ်မြို့တော်တော် များများမှာ ပြုလုပ်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

မကွေးမြို့ ပရိုမိုရှင်းပွဲမှာ ပိုပို ပရိတ်သတ်တစ်ယောက်က ပိုပို ကို အလစ်ကို နမ်းလိုက်ပြီး အဆိုတော် ပိုပို က ထိုအကြောင်းနှင့်ပါတ်သတ်ပြီး ဖေ့ဘုတ်စ် စာမျက်နှာ မှာ “မုံရွာသားတွေထက် မကွေးမြို့သားတွေက ပိုပြီး လက်သွက်တယ် ၊ စိတ်ဆိုးရခက် ကောင်ဆိုးလေး ရုတ်တရက်ကြီး ရှက်လိုက်တာ ၊ ရှက်ပြီး ရိုက်မိရိုက်လိုက်တာပါ ၊ ပါးကို မရိုက်ပါဘူး ပခုံးထိသွားတာပါ ၊ သီတင်းကျွတ်ပွဲတော် ကြည့်ပြီး သူအဲ့ဒီအခန်းကို ကြိုက်လို့ အင်္ကျီဘောင်းဘီတောင် တူအောင် ဝတ်လာတာတဲ့ “ ဆိုပြီးတင်ထားပါတယ်။



Follow us on