1. Home
  2. Special or Others

ခင်ပွန်းဟောင်းကို ဓါးနဲ့ထိုးခြင်း အမှတ်တရဆယ်လ်ဖီဆွဲသူ ဖမ်းခံရ

Special or Others ต.ค. 29, 2561 view 2,006

အသက် ၂၅ နှစ်အရွယ် ရုရှားအမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဟောင်းဖြစ်သူနဲ့ စကားများရန်ဖြစ်ပြီးနောက် သူမဓါးနဲ့ထိုးလိုက်သဖြင့် သွေးအလိမ်းလိမ်းနဲ့ ခွေခေါက်နေသော ခင်ပွန်းဟောင်းကို နောက်ခံထားကာ ဆယ်လ်ဖီပုံရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။

အွန်လိုင်းတွင် အဆိုပါပုံနဲ့အတူ တွဲတင်ထားသောစာတွင် ခင်ပွန်းဟောင်းဖြစ်သူမှာ အရက်မူးပြီး သူမကိုဆွဲလားရမ်းလားလုပ်တဲ့အတွက် ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ ဓါးနဲ့ထိုးခဲ့ကြောင်း ရေးသားထားပါတယ်။

မကြာမီမှာ Olga Vaori ၂၅ နှစ်ကို ရဲများက ဖမ်းဆီးခဲ့ပါတယ်၊ သူမရဲ့ခင်ပွန်းဟောင်းဖြစ်သူ Oleg Smirnov ကတော့ ဝမ်းဗိုက်ဓါးဒဏ်ရာကြောင့် အရေးပေါ်ခွဲစိတ်မှုပြုလုပ်ခဲ့ရသည်။ လတ်တလောမှဦ အမျိုးသမီးကိုတော့ သူမရဲ့ အသက် ၂ နှစ်အရွယ်သမီးလေးကို ပြုစုနိုင်အောင် သူမရဲ့ နေအိမ်မှာပဲ ထိန်းသိမ်းထားပြီး နိုင်ငံရဲ့ပြင်ပ ထွက်ခွင့်ကိုလည်း ပိတ်ထားပါတယ်။

အခင်ဖြစ်ပွားချိန်မှာ သူတို့နှစ်ဦးစလုံး အရက်သောက်ထားကြပြီး အမှုစစ်တဲ့အခါ ကိုယ့်ကိုယ်ကို ကာကွယ်တာထက် ပိုတဲ့ အင်အားသုံးထားတာကို တွေ့ရှိပါက ပြစ်ဒဏ် ၁ နှစ်ကျော် ကျခံရဖွယ်ရှိကြောင်း ဥပဒေရေးရာမှ ပြောကြားထားပါတယ်။



Follow us on